Main menu

Background

အိန္ဒိယနိုင်ငံသို့ ကြက်သွန်နီတန် ၅၀၀ ကျော်တင်ပို့နိုင်

Tue, 09/03/2013 - 14:09 -- ydnar

မြန်မာ-အိန္ဒိယနယ်စပ်ရှိ  တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှ၂၀၁၃ ခုနှစ်ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၂၇ ရက် နေ့ထိ ကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ကြက် သွန်နီ ၅၀၂ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။  ဇူလိုင်လတွင် ၁၀၇ တန်ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ အိန္ဒိယနယ်စပ်မှ ကြက်သွန်နီဝယ်ယူမှုသည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမ ဆုံးအနေဖြင့် ပြန်လည်မြင့်တက်လာခဲ့တာကြောင်း မြန်မာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေးနဲ့မကွေးတိုင်း ဒေသကြီး များတွင် စိုက်ပျိုးသောကြက်သွန်နီများဈေးကောင်း ရလာပါ တယ်။

ယခင်နှစ်များက အိန္ဒိယမှာကြက်သွန်နီအထွက်ကောင်း လို့ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားစတဲ့နိုင်ငံတွေကိုတောင် တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်မှာမိုးကောင်းတာကြေင့် အိန္ဒိယမှာ ကြက်သွန်နီတွေပျက်စီးသွားပြီး မြန်မာနိုင်ငံမှ မှာယူတင်သွင်း နေရပါတယ်။ မုံရွာဈေးကွက်တွင် ဇူလိုင်လကကြက်သွန်နီ တစ်ပိဿာ ၄၅၀ ကျပ်ရှိရာမှ သြဂုတ်လဆန်းပိုင်းတွင် အိန္ဒိယမှ အဝယ်လိုက်တာကြောင့် တစ်ပိဿာ ၇၅၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးခစန်းမှ ၆၉ တန်၊ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၈၆ တန်ကျော်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၁၀ တန် အသီးသီးတင်ပို့မှုရှိခဲ့ သော် လည်း မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခြင်းမရှိခဲ့ဘူး လို့ သိရှိရပါတယ်။            ခင်မြနွယ်MIRT (DCCA)