Main menu

Background

သြဇာသီးများ စတင်ရောင်းချနေပြီ

Tue, 09/03/2013 - 14:12 -- ydnar

ပြည်ဒေသရဲ့ နာမည်ကျော်သီးနှံ ထွက်ကုန်များထဲမှာ မြကျောက်သရက် ပြီးရင် ပြည်သြဇာသီးမှာလည်း နာမည် ကျော်သီးနှံထွက်ကုန်ဖြစ်ပါတယ်။ ယခင်နှစ်များက သြဂုတ်လဒုတိယပတ် ဆိုရင် ဈေးကွက်မှာ ရောင်းချနေတာ တွေ့ရပါတယ်။ ယခုနှစ်မှာတော့ သြဂုတ်လနောက်ဆုံးပတ်ရောက်မှသာ အနည်းငယ်ရောင်းချနေတာကို တွေ့ရ ပါတယ်။

မိုးဆက်တိုက်ရွာနေတာ ကြောင့် သြဇာသီးရင့်မှည့်မှု နောက်ကျ တာ ဖြစ်ကြောင်းနဲ့ မိုးလေးတစ်ဖြိုက် နှစ်ဖြိုက်ရွာလိုက်၊ နေပူလိုက်အချိန်မှ သြဇာသီးများ ရင့်မှည့်ကာ ဈေးကွက် အတွင်း လှိုင်လှိုင်ပေါများမှာဖြစ်တယ်လို့  သြဇာသီးခြံရှင်အချို့က ပြောပါတယ်။ ယခင်နှစ် ပေါ်ဦးပေါ်ဖျားအချိန်က သြဇာသီးတစ်လုံးကို ၁၅၀ ကျပ်၊ ၂၀၀ ကျပ်နဲ့ ဈေးဖွင့်ရောင်းချခဲ့ပြီး၊ ယခုနှစ် မှာတော့ သြဇာသီးတစ်လုံးကို ၂၀၀ ကျပ်၊ ၂၅၀ ကျပ်များနဲ့ ဈေးဖွင့်ရောင်း ချနေတာကို တွေ့ရပါတယ်။အိဆွေဇင် - ပြည်