Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Tue, 09/03/2013 - 14:14 -- ydnar

အမေရိကန်ပြည်ထောင်စုရဲ့ စီး ပွားရေးဖွံ့ဖြိုးမှုကိန်းဂဏန်းတွေခန့်မှန်း ထားတာထက်လျော့ကျလာခြင်းအပြင် ဆီးရီးယားနိုင်ငံကို အမေရိကန်ကဦး ဆောင်ပြီးနောက်ပိုင်း သြဂုတ် ၃၀ ရက် အာရှကုန်သွယ်မှုဈေးကွက်မှာ ဒေါ်လာ ဈေးတွေကျဆင်းလာခဲ့ပါတယ်။ ရူပီး တန်ဖိုးစံချိန်တင်လောက်အောင် ကျ ဆင်းပြီးတဲ့နောက်ပိုင်း ဒုက္ခပင်လယ်ေ၀ နေတဲ့ အိန္ဒိယငွေကြေးကို ကယ်တင်ဖို့ အတွက် အိန္ဒိယဗဟိုဘဏ်က ဆောင် ရွက်လာပြီးနောက်ပိုင်း ဒေါ်လာ/ရူပီး ဖလှယ်နှုန်းက အနည်းငယ်သာ အ ပြောင်းအလဲရှိခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံအတိုးနှုန်းတွေမြှင့်တင်ပေးလိုက်တဲ့ အတွက် ရူပြားငွေကြေးတန်ဖိုးကို အ ထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

 
အမေရိကန်ပြည်ထောင်စုရဲ့ စီး ပွားရေးနှစ်အလိုက်တိုးတက်မှုနှုန်းက ဒု တိယသုံးလပတ်မှာ ၂ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့တဲ့အတွက် မူလကခန့်မှန်းထား တဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်းထက်အများ ကြီးပိုမိုတိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့တစ် လကို ဒေါ်လာ ၈၅ ဘီလီယံဖိုးဝယ်ယူ နေတဲ့ စီးပွားရေးတွန်းအားပေးအစီအ စဉ်ကိုရုပ်သိမ်းဖွယ်ရှိကြောင်း လေ့လာ ဆန်းစစ်သူတွေခန့်မှန်းကြပါတယ်။ သြဂုတ်လက အာရှဒေသမှာရှိတဲ့ တစ်ချို့ငွေကြေးတွေ အဆင်းကြမ်းတဲ့ လဖြစ်ပါတယ်။ တစ်ခုထူးခြားတာက ဖြစ်ပေါ်ရတဲ့အကြောင်းရင်းက ပြည် တွင်းအကြောင်းတရားတွေဖြစ်နေတာ ကိုတွေ့ရတာဖြစ်ပါတယ်။ ဒေါ်လာနဲ့ ဖလှယ်ရာမှာ တခြားငွေကြေးတွေရဲ့ တန်ဖိုးက အတက်အကျအမျိုးမျိုးရှိနေ ပါတယ်။ ဗြိတိသျှပါလီမန်က ဆီးရီးယား ကိုအရေးယူရေးအဆိုကို ဗြိတိသျှပါလီ မန်က ကန့်ကွက်ခဲ့ပြီးနောက်ပိုင်း ဆီး ရီးယားအပေါ်အရေးယူမည့်ကိစ္စကို ယာယီအားဖြင့် ရပ်ဆိုင်းထားခဲ့ပါတယ်။
တရုတ်ယွမ် တရုတ် ယွမ်ငွေကြေး တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ သြဂုတ် ၃၀ ရက်နေ့က ရက်သတ္တတစ်ပတ်အတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိရောက်နေတဲ့ငွေကြေးတန်ဖိုးမြင့် တက်မှုက မကြာမီပြီးဆုံးသွားမဲ့လက္ခ ဏာတွေကို ပြသနေပါတယ်။ တရုတ်နိုင်ငံမှာ မတည်ငွေတွေ ဖြည်းဖြည်းချင်းချင်း သတိထားပြီး စီး ဝင်လာတာကိုတွေ့ရပါတယ်။HSBC ဟောင်ကောင်ဘဏ်က ထုတ်ပြန်ချက် အရ သြဂုတ်လမှာ တရုတ်နိုင်ငံရဲ့ စီး ပွားရေးဆောင်ရွက်ချက်တွေက လေး လအတွင်း အလျင်မြန်ဆုံးတိုးတက်ခဲ့ တာတွေ့ရပါတယ်။ သြဂုတ် ၃၀ ရက် နေ့မှာ ယွမ်ငွေတန်ဖိုးက ၂၇ ရက်နေ့ ဈေးပိတ်ချိန်နဲ့ နှိုင်းယှဉ်ရင် အနည်းငယ် သာပြောင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၁၂၀၅ ယွမ်နှုန်းရှိခဲ့ပါတယ်။
အိန္ဒိယရူပီး လအကုန်ဒေါ်လာဝယ်လိုအားမြင့် လာခြင်းအပြင် သြဂုတ် ၃၀ ရက်မှာ ထုတ်ပြန်မဲ့စီးပွားရေးဖွံ့ဖြိုးမှုအချက်အ လက်ကိန်းဂဏန်းတွေက ရင်းနှီးမြှုပ်နှံ သူတို့က စောင့်ကြည့်အကဲခတ်နေခြင်း စသည်တို့ကြောင့် အိန္ဒိယရူပီးငွေက ဒေါ်လာဖလှယ်ရာမှာ သုည ဒသမ ၇၅ ရူပီးနှုန်းကျဆင်းပြီး တစ်ဒေါ်လာ ကို ၆၇ ဒသမ ၃၀ ရူပီးနှုန်းထိမြင့်တက် ခဲ့ပါတယ်။ ရူပီးတန်ဖိုးကျဆင်းရတာက ကမ္ဘာ့ဈေးကွက်တွေမှာ ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းအပြင် ပြည်တွင်းရှယ်ယာ ဈေးကွက်ကျဆင်းတာလည်းပါဝင်ပါတယ်။ ငွေကြေးအရောင်းအဝယ်သမား တွေက ဈေးပိတ်ချိန်မှာ ထုတ်ပြန်မဲ့စီး ပွားဖွံ့ဖြိုးမှုကိန်းဂဏန်းတွေကိုလည်း စောင့်ကြည့်နေကြပါတယ်။ ထို့အတူ စီးပွားရေးနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက လွှတ်တော်ကိုယ်စား လှယ်တွေကို ပြောမဲ့မိန့်ခွန်းကိုလည်း ရင်းနှီးမြှုပ်နှံတွေက စောင့်ကြည့်အကဲ ခတ်နေပါတယ်။
ဂျပန်ယန်း အမေရိကန်စီးပွားရေးကိန်းဂဏန်း အချက်အလက်တွေကောင်းမွန်ပြီးနောက် ဒေါ်လာရဲ့ တန်ဖိုးက သြဂုတ် ၃၀ ရက် နေ့က တခြားငွေကြေးတွေနဲ့ ဖလှယ် ရာမှာ ရက်သတ္တပတ်လေးပတ်အတွင်း အမြင့်ဆုံးနေရာမှာရှိနေပါတယ်။ ဒေါ် လာ/ယူရိုဖလှယ်နှုန်းက သြဂုတ် ၂၉ ရက်က နယူးယောက်မှာ တစ်ယူရို ကို ၁ ဒသမ ၃၂၄၁ ဒေါ်လာနှုန်းရှိခဲ့ ရာမှ တိုကျိုမှာ သြဂုတ် ၃၀ ကတစ်ယူရိုကို ၁ဒသမ၃၂၄၂ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ယန်းငွေကြေးတန်ဖိုးက ဒေါ်လာ နဲ့ဖလှယ်ရာမှာ ၉၈ ဒသမ ၃၂ ယန်းမှ ၉၈ ဒသမ ၂၆ ယန်းသို့လည်းကောင်း ယူရိုနဲ့ ဖလှယ်ရာမှာ ၁၃၀ ဒသမ ၁၈ ယန်းမှ ၁၃၀ ဒသမ ၀၉ ယန်းသို့လည်း ကောင်း အသီးသီးပြောင်းလဲခဲ့ပါတယ်။
မလေးရှားရင်းဂစ် ပြည်တွင်းငွေကြေးကို ဝယ်ယူကြ တဲ့အရှိန်ဆက်လက်မြင့်တက်နေတဲ့အ တွက် သြဂုတ် ၃၀ ရက်မနက်ဈေးအ ဖွင့်မှာ ရင်းဂစ်တန်ဖိုးက ဒေါ်လာနဲ့ဖ လှယ်ရာမှာ မြင့်တက်နေကြောင်း ဝယ်/ ရောင်းသမားတွေကပြောပါတယ်။ သြဂုတ် ၂၉ ရက်ကတစ်ဒေါ်လာကို ၃ ဒသမ ၁၂၀ ရင်းဂစ်နှုန်းနဲ့ စာရင်းပိတ် ခဲ့တဲ့ ရင်းဂစ်တန်ဖိုးက သြဂုတ် ၃၀ ရက် မနက် ၉ နာရီမှာ ၃ ဒသမ ၂၉၅၀ ရင်းဂစ်နှုန်းကိုပြောင်းလဲခဲ့ပါတယ်။ တခြားအဓိကငွေကြေးတွေနဲ့ ဖ လှယ်ရာမှာ ရင်းဂစ်တန်ဖိုးကမြင့်တက် ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် ဝမ်ငွေကြေးတန်ဖိုးက ယခုလထဲ မှာ အာရှငွေကြေးတွေအနက် တန်ဖိုး အများဆုံးမြင့်တက်ခဲ့တဲ့ ငွေကြေးဖြစ် ပါတယ်။ တောင်ကိုရီးယားရဲ့ စီးပွားရေး အလားအလာမြင့်မားမှုက ပင်လယ်ရပ် ခြားရန်ပုံငွေအဖွဲ့တွေကို ဆွဲဆောင်နိုင် ခဲ့ပါတယ်။ ဆိုးလ်မြို့မှာ သြဂုတ် ၃၀ က ဝမ် ငွေကြေးရဲ့တန်ဖိုးက သြဂုတ်လအတွင်း ၁ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၁၁၁၀ ဒသမ ၀၃ ဝမ် နှုန်းရှိခဲ့ပါတယ်။ ဘလွမ်းဘတ်ကပြုစု ထားတဲ့ စာရင်းဇယားအချက်အလက် တွေအရ အာရှမှာအဝယ်အသွက်ဆုံး ငွေကြေး ၁၁ ခုအနက် စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်ပါတယ်။ ဝမ်တန်ဖိုး ရက်သတ္တပတ်အတွင်း ပြောင်းလဲမှုက သုည ဒသမ ၆ ရာခိုင်နှုန်းရှိပြီး နေ့အ လိုက်အပြောင်းအလဲက မဆိုသလောက် သာရှိခဲ့ပါတယ်။
ထိုင်းဘတ် အမေရိကန်ပြည်ထောင်စုဗဟိုဘဏ် က စီးပွားရေးတွန်းအားပေးအစီအစဉ် ကိုလျှော့ချဖို့ ပြင်ဆင်နေတဲ့အတွက် နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံရဲ့ ငွေ ကြေးစာချုပ်စာတမ်းတွေကို ကိုင်မထား တော့ဘဲ ပြန်လျော့လာတဲ့အတွက် ဘတ်ငွေရဲ့လအလိုက် ကျဆင်းမှုက ငါး လမြောက်ရောက်ခဲ့ပြီး ငါးနှစ်အတွင်း အရှည်ကြာဆုံးကျဆင်းမှုဖြစ်ပါတယ်။ ဘလွမ်းဘတ်က ကောက်ယူပြုစု ထားတဲ့စာရင်းတွေအရ ဘန်ကောက်မြို့ သြဂုတ် ၃၀ ရက်မနက် ၉ နာရီ ၃၁ မိ နစ်က ၂ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်ဒေါ်လာကို ၃၂ ဒသမ ၁ ဘတ် နှုန်းရှိခဲ့ပါတယ်။ ငွေတန်ဖိုးကနေ့အ လိုက်ကြည့်ရင် သုည ဒသမ ၃ ရာခိုင် နှုန်းမြင့်တက်ပြီး ရက်သတ္တအလိုက် ကြည့်ပါက သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပါတယ်။