တိုကျို ဂျပန်နိုင်ငံရဲ့ စက်မှုကုန်ထုတ် လုပ်မှုက ယခင်လနဲ့ နှိုင်းယှဉ်ရင် ဇူ လိုင်မှာ ၃ ဒသမ ၂ ရာခိုင်နှုန်းပိုမိုမြင့် တက်ခဲ့ကြောင်းနဲ့ ယခုကဲ့သု့ိ မြင့် တက်ခဲ့ခြင်းမှာ နှစ်လအတွင်းဒုတိယ အကြိမ်ဖြစ်ကြောင်း ဂျပန်စက်မှုဝန် ကြီးဌာနက သြဂုတ် ၃၀ ရက်က ပြောကြားချက်ကို ရှင်ဝှာသတင်းမှာ ဖော်ပြပါတယ်။
ဝါရှင်တန် အမေရိကန်တို့ရဲ့ အလုပ်လက်မဲ့ ခံစားခွင့်တောင်းခံတဲ့ဦးရေက ယခင် ရက်သတ္တပတ်မှာ ၆၀၀၀ ကျဆင်းခဲ့ ပြီး နှစ်ပေါင်း ၆ နှစ်နီးပါးအတွင်း ယခုလို ခံစားခွင့်တောင်းခံသူ ဦးရေ မှာအနိမ့်ဆုံးဖြစ်ကြောင်းအမေရိကန် အလုပ်သမားဝန်ကြီးဌာနရဲ့ သြဂုတ် ၂၉ ရက်အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
ဘန်ကောက် ဆီးရီးယားနိုင်ငံက ဓာတုလက် နက်တွေသုံးစွဲခဲ့တဲ့အတွက် ရာပေါင်း များစွာ ဒုက္ခရောက်ခဲ့ရတဲ့ သတင်း တွေ ထွက်ပေါ်ခဲ့ပြီး ဆီးရီးယားနိုင်ငံ ကိုဖိအားပေးမှုတွေရှိလာတဲ့အတွက် ဆီးရီးယား အခြေအနေကို မျက် ခြည် မပြတ်စောင့်ကြည့်ကာ ပြည် တွင်း သုံးစွဲမှုအတွက် ရေနံ အလုံ အလောက်ရှိအောင် ဆောင် ရွက် ထားဖို့ ထိုင်းနိုင်ငံရဲ့ စီတီတီဂရု ကို ညွှန်ကြားထားကြောင်း သည်နေရှင်း သတင်းမှာ ဖော်ပြထားပါတယ်။
ဟနွိုင်း ဟနွိုင်းမြို့ရှိ စီးပွားရေးလုပ်ငန်း ၆၇၀၀ ခန့်မှာ ဒေဝါလီခံခြင်း သို့ မဟုတ် လုပ်ငန်းများ ရပ်ဆိုင်းထား ခြင်းရှိခဲ့ကြောင်းမြူနီစပယ်အခွန်ဌာန ကပြောတယ်လို့ UNS သတင်းမှာ ဖော်ပြထားပါတယ်။ (ယခုနှစ် ပထမ ရှစ်လအတွင်း)အလားတူကာလအတွင်း အသစ် ထူထောင်သော လုပ်ငန်း ၉၅၈၄ ခုရှိသော်လည်း အများစုမှာ အခွန်သတ်မှတ်ချက် အောက် လျှော ချ လည်ပတ်နေခြင်းဖြစ်သည်။