Main menu

Background

ယခုနှစ် ရှမ်းပြောင်းလည်း ဈေးကောင်းရနေ

Tue, 09/03/2013 - 14:18 -- ydnar

ဒီနှစ်က ရှမ်းပြောင်းလည်းဈေးရတဲ့သီးနှံဖြစ်နေပါတယ်။ ပေါ်ကာစမှာကတည်း က ကောင်းနေတဲ့ဈေးက ကုန်ချိန်ထိကောင်းနေတုံးပါပဲ။ မန္တလေး၊ ရန်ကုန်ဝယ်လက် တွေရဲ့ဝယ်ယူအားကလည်း လျော့မသွားပါဘူး။ ပြောင်းအသစ်တွေလည်း ဒီလဆန်း ပိုင်းမှစပြီးဝင်လာပါတယ်။ အစိုဓာတ်တွေရှိပြီး လက်ကျန်ပြောင်းအဟောင်း တွေ ကလည်းရှိနေသေးတော့ ဈေးကွက်သိပ်မဝင်ခဲ့ပေမဲ့ ဒီလကုန်ပိုင်းမှာတော့ ဈေးကွက် ကို အတော်လေးဝင်လာပါတယ်။

သိပ်အများကြီး လှိမ့်ပြီးဝင်လာတာမျိုး မဟုတ် ပေမယ့် ပုံမှန်တော့ဝင်နေတယ်လို့သိရပါတယ်။ နေသာလာရင်တော့ ဒီထက်မက ဝင်ဦးမှာဖြစ်ပေမဲ့ မိုးကအဆတ်မပြတ်ရွာနေတာကြောင့် ပုံမှန်လောက်သာ အဝင် ရှိနေပြီး၊ တချို့တောင်သူတွေကတော့ တစ်ပိုင်တစ်နိုင်အခြောက်ခံပြီး ဈေးကွက်ကို တင်ပို့နေကြပါတယ်။ မြနဒီအခြောက်ခံစက်ကတော့ အဖူးပါတစ်ပိဿာ ၂၅၀ ကျပ်နဲ့ဈေးဖြတ်ပြီး အခြောက်ခံပေးနေပါတယ်။ ပစ္စည်းကအများအပြား မဝင်ပေမဲ့ ဝင်သလောက်လည်းပြန်ပြီး အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒီနှစ်က ပြောင်းဈေး ကောင်းတာကြောင့် ပြောင်းအဟောင်းတွေကလည်း ကုန်သလောက်ဖြစ်နေပါပြီ။ ပြောင်းအသစ်ကလည်း တဖြည်းဖြည်းဈေးတက်လာပါတယ်။ ပေါ်ကာစ တစ် ပိဿာ ၄၂၀ ကျပ်နဲ့စပြီး ဈေးကွက်ကိုဝင်ပေမဲ့ တစ်ပတ်ထက်တစ်ပတ် ဈေးတက် လာပါတယ်။ ဒီတစ်ပတ်မှာတစ်ပိဿာ ၄၅၀ ကျပ်ဈေးရှိပြီး၊ ပြောင်းဟောင်းကတော့ တစ်ပိဿာ ၄၉၀ ကျပ်ဈေးရှိပါတယ်။ တစ်ပတ်အတွင်း ပြောင်းသစ်၊ ပြောင်းဟောင်း စုစုပေါင်းပိဿာချိန် ၂ သိန်း အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဧဧခိုင်-တောင်ကြီး