ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ အဆွဲအေးလို့ ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၁၂၀၀၀ ကျပ်ခန့်ဈေး ကျသွားတယ်လို့ ဘုရင့်နောင်ဈေးကွက်အတွင်းမှ သိရပါတယ်။ မတ်ပဲအနေနဲ့ လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် တန်ချိန် ၃ သိန်းဝန်းကျင်ခန့်ကျန်နေပေမယ့် အိန္ဒိယရဲ့ ဝယ်လိုအားက ဒီရက်ပိုင်းတန့်နေတယ်။
မတ်ပဲသစ်မပေါ်မီစပ်ကြားနောက်ပိုင်းမှာ အိန္ဒိယအဆွဲပြန်လိုက်လာရင် နောက် ၆ လလောက်ဆို တန်ချိန် ၂ သိန်းခွဲခန့်အရောင်းအဝယ်ထွက်သွားမှာပါလို့ ကုန်စည်ဒိုင်မှ တာဝန် ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန်ကို ၄၉၁၀၀၀ ကျပ်မှ ၄၉၄၅၀၀ ဈေးအတွင်း တစ်ပတ်လုံးမှ တန် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ (RC) ကို ဒီရက်ပိုင်းမှာ ပြည်ပအဝယ်တော်တော်ပါးသွားပေမယ့် ပြည်တွင်းကုန် သည်အချင်းချင်း ဈေးကွက်အခေါ်အဝေါ်အရ ပုခုံးပြောင်းရောင်း ဝယ်မှုရှိလု့ိသာ အရောင်းအဝယ်အနည်းငယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ ပဲအထွက်နှုန်းနည်းလို့ ပဲဈေးကောင်းလာမလားဆိုပြီး ဝယ်ယူသိုလှောင်ထားတဲ့ကုန်သည်တွေလည်း အခုလိုပြည်ပအဆွဲ အေးနေမှုကြောင့် အနည်းငယ်ထိခိုက်မှုတွေရှိနေတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါ တယ်။ ပဲဈေးက ပြီးခဲ့တဲ့အပတ်နဲ့စာရင် တစ်တန်ကို ၂၃၀၀၀ ကျပ်ခန့် ဈေးကျသွားပြီး အရောင်းအဝယ် လည်းပါးခဲ့တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်တန်ကို ၅၄၇၀၀၀ ကျပ် ဈေးမှ ၅၅၁၀၀၀ ကျပ်ဈေးအတွင်း တစ်ပတ်လုံးမှ တန် ၄၃၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။