Main menu

Background

ဘိလပ်မြေ ဈေးနှုန်းများ

Tue, 09/03/2013 - 14:22 -- ydnar

ထိုင်းနဲ့ ဗီယက်နမ်မှ ဘိလပ်မြေတန်ချိန်သုံးသောင်းငါးထောင်ကျော်ဝင်
ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ ၃၀၀၂၈၃၃ တန်ဖိုးရှိ ဘိလပ်မြေ ၃၅၈၈၈ ဒသမ ၃၀ တန်ကိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဗီယက် နမ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၅၇၃၄ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၂၀၁၅၄ ဒသမ ၃၀ တန်ဝင်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေအများ ဆုံးဝင်လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် ခြောက်ထောင့်ငါးရာကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် နှစ်သောင်း ကိုးထောင်ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။         MIRT (DOT)

 
ယခင်တစ်ပတ်အတိုင်း အရောင်းအဝယ်ပုံမှန်ရှိနေဆဲဘိလပ်မြေ
ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-သြဂုတ်လ ၁၈ ရက်မှ သြဂုတ်လ ၂၄ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် သုံးသောင်းငါးထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခင်တစ်ပတ်မှာ တန်ချိန်ခုနှစ် ထောင့်ရှစ်ရာကျော် အဝင်ရှိခဲ့ပြီး ယခုတစ်ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် ရှစ် ထောင်တစ်ရာရှစ်တန် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် နှစ်ရာကျော် အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ရေလမ်းမှ ဘိလပ်မြေ အဝင်ပိုခဲ့သလို နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ စိန်(ထိုင်း)ဘိလပ်မြေ က တစ်ရာကျပ် ဈေးကျလာသလို နဂါးဘိလပ်မြေက နှစ်ရာကျပ် ဈေးကျလာတယ်လို့ သိရပါတယ်။ အေသုံးလုံးဘိလပ်မြေက ပစ္စည်းပြတ်နေသလို ဆင်(ထိုင်း) အဝင် သိပ်မရှိတော့ဘူး လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ဒီတစ်ပတ်ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယခင်တစ်ပတ် ဈေးအတိုင်း စိန် (ယိုးဒယား) ၇၂၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေက ၅၂၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေ က ၅၀၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၅၃၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်း သိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း ဆက်ပြီး အရောင်းအဝယ်ကောင်းလာတယ်လို့ သိရပါတယ်။ ဒီလထဲ မိုးများနေ တာကြောင့် အရောင်းအဝယ်က သိပ်မကောင်းဘူး။ မိုးကြီးပြီး ဈေးငြိမ်နေပေမဲ့ ဒီတစ်ပတ်မှာ အရောင်းအဝယ်ပြန်လိုက်လာတယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းလေး နေပွင့်လာတာကြောင့် လုပ်ငန်းလေးတွေလည်း ပြန်လုပ်လာကြတယ်။ ဈေးကွက်ထဲ မြင်းခေါင်းဘိလပ်မြေ ကဈေးငြိမ်နေပေမဲ့ ဆင်(ထိုင်း) က ငါးဆယ်ကျပ်ဈေးမြင့် လာသလို ကြံ့ (မြိုင်ကလေး)ဘိလပ်မြေက သုံးရာကျပ်ဈေးမြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးက ဆင် (ထိုင်း) ဘိလပ် မြေ ၅၂၅၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၂၀၀ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ ပုံမှန်အရောင်းအဝယ် ထက် နည်းနည်းစွာတယ်လို့  သိရပါတယ်။ အရောင်းအဝယ်ဖြစ်ပေမဲ့လည်း ဘိလပ် မြေဈေးကပြောင်းလဲမှုသိပ်မရှိဘူးလို့ သိရပါတယ်။ ဒီတစ်ပတ်မှာ မြင်းခေါင်း ဘိလပ်မြေကတစ်ရာဝန်းကျင် ဈေးမြင့်လာတာကလွဲပြီး ကျန်ဘိလပ်မြေများ ကဈေး ငြိမ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း အေသုံးလုံး ၅၃၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်၊မြင်းခေါင်း ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၅၀၀ ကျပ်၊ စိန်(ထိုင်း) ၆၅၀၀ကျပ်နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ ၆၂ လမ်း ၂၈-၂၉ ကြား အုတ်သဲကျောက်ရောင်းဝယ်ရေးအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ ပဲခူးဈေးကွက်မှာ ဘိလပ်မြေ ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိနေပေမဲ့လည်း ဒီတစ်ပတ်မှာဆင်ဘိလပ်မြေ ကဈေးကျပြီး စိန်ဘိလပ်မြေနဲ့ ကြံ့(မြိုင်ကလေး)ဘိလပ်မြေက တစ်ရာဝန်းကျင် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ စိန်ဘိလပ်မြေက အရောင်းအဝယ် ကောင်းတယ်လို့ ဆိုပါတယ်။ဒီတစ်ပတ် ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၅၆၀၀ ကျပ်၊စိန်(ထိုင်း) ဘိလပ်မြေ ၅၇၀၀ကျပ်၊ ကြံ့(မြိုင် ကလေး) ဘိလပ်မြေ  ၄၈၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့  သိရပါတယ်။ မကွေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်းအရောင်းအဝယ် ပါးတယ်လို့သိရပါတယ်။ ဒီတစ်ပတ်လုံးမိုးရွာနေတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ရပ်နားထားရတယ်။ ဒါကြောင့် အရောင်းအဝယ်က တော်တော် လေး ပါးလာတယ်။ ဒါပေမဲ့  ဘိလပ်မြေဈေးက သိပ်အပြောင်းအလဲမရှိ ဈေးငြိမ်နေ တာ တစ်လနီးပါး လောက်ရှိနေပြီ။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း)ဘိလပ်မြေ ၆၅၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၈၀၀ကျပ်၊ ဆင်မြန်မာ ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှစုံစမ်း သိရပါတယ်။                                                                         MIRT (DOT)