ဓာတ်မြေသြဇာဈေးနှုန်းများ
နိုင်ငံစုံမှ မြေသြဇာများဝင်
သီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ တစ်ဆယ့်လေးသိန်းကျော်တန်ဖိုးရှိ မြေသြဇာတန်ချိန် ၃၅၅၅ ဒသမ ၉၅၄ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းတစ်ပတ်မှာ မလေးရှားနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၅၀၀၊ စင်ကာပူနိုင်ငံမှ မြေသြဇာ ၁၃၇၃ ဒသမ ၆၈ တန်၊ ထိုင်းနိုင်ငံမှ အာမိုမြေသြဇာ တန်ချိန် ၆၂၄ နဲ့ ကောမတ်မြေသြဇာ တန်ချိန် ၃၅၀၊ တရုတ်နိုင်ငံမှ ကွန်ပေါင်း မြေသြဇာ ၁၆၈ ဒသမ ၂၇၄ တန်၊ ဗင်နီဇွဲလားနိုင်ငံမှ မြေသြဇာတန်ချိန် ၅၄၀ အသီးသီးတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ယခင်သီတင်းပတ်မြေသြဇာအဝင်မှာ တန်ချိန်သုံးထောင့်တစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် လေးရာ ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
အရောင်းအေးအေး ဈေးငြိမ်ငြိမ်နဲ့ ဈေးကွက်ရှိနေဆဲမြေသြဇာ
ပြည်တွင်းကသြဂုတ်လ ၁၈ ရက်မှ သြဂုတ်လ ၂၄ ရက်အတွင်း ရေလမ်း မှ မြေသြဇာတန်ချိန် သုံးထောင်ငါးရာ ငါးဆယ့်ငါးတန်ဝင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်မှာမြေသြဇာအဝင်က တန်ချိန်သုံးထောင့်တစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်သုံးရာကိုးဆယ်ကျော်အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။ ယခု တစ်ပတ်နယ်စပ်လမ်းမှမြေသြဇာအဝင်ကတန်ချိန် နှစ်သောင်းသုံးထောင့်ငါးရာကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်မြေသြဇာအဝင်မှာ တန်ချိန် တစ်သောင်းရှစ်ထောင်ရှစ်ရာ ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ တန်ချိန် လေးထောင့်ခုနှစ်ရာ လေးတန်ကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ်မှာ ရေလမ်းမှ မြေသြဇာအဝင်ပိုခဲ့ပေမဲ့ နယ်စပ်လမ်းမှအ ဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊ မန္တလေး ၊တောင်ကြီးမှာ ဈေးငြိမ် နေပေမဲ့ မကွေးဘက်မှာတော့ ဈေးနည်းနည်းမြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မြေသြဇာအရောင်းအဝယ်မန္တလေး၊ မကွေးမှာအရောင်းရှိ ပေမဲ့မော်လမြိုင်၊တောင်ကြီး၊ပဲခူးဘက်မှာတော့အရောင်းအေးတယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မှာမြေသြဇာအရောင်းအဝယ် အေး တယ်လို့သိရပါတယ်။အရောင်းအေးအေးဈေးငြိမ်ငြိမ်နဲ့ ဖြစ်နေတာ တော်တော်ကြာ နေပြီလို့ စိုက်ပျိုးရေးအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးမှ ဆိုပါတယ်။ ဒီအချိန်က မိုးများသလိုမြေသြဇာလည်းအသုံးနည်းတာကြောင့် အရောင်းအဝယ်က အေးတယ်။ ဒါကြောင့် ဒီတစ်ပတ်လည်း ယခင်တစ်ပတ် ဈေးနဲ့ဘဲအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာ ပုလဲ-အသေး၄၆ရာခိုင်နှုန်း (ရွှေတုံး ၊ ရွှေပျား ၊ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၆၅၀၀ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)(ထိုင်း) ၃၁၅၀၀ ကျပ်၊ကွန်ပေါင်း၁၆း၁၆း၈(မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း (သံကွင်း-တရုတ်)၂၁၅၀၀ ကျပ် ၊ တီစူပါ ၁၆ရာခိုင်နှုန်း (မြားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ ပုံမှန်ထက် နည်းနည်း အေးတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲမှာ အရောင်းအဝယ်နည်းနည်း အေးပေမဲ့ ဈေးကပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၈၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၈၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၈၅၀၀ ကျပ်၊တီစူပါ၁၂ရာခိုင်နှုန်း(တရုတ်) ၈၅၀၀ ကျပ်၊တီစူပါ၁၆ရာခိုင်နှုန်း(တရုတ်) ၉၀၀၀ ကျပ်၊တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၅၀၀ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၃၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၀၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၈၀၀၀ ကျပ်၊ မြားကမ္ဘာ ၁၃၅၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်း နည်း နည်းလျော့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အေးပေမဲ့ဈေးက ပြောင်းလဲမှု သိပ်မရှိဘူးလို့ သိရပါတယ်။ ဒီတစ်ပတ်ဆင်(၁၀း၁၀း၅) က တစ်ရာကျပ်ဈေးမြင့်ပြီး အာမို(၁၆း၁၆း၈)ကသုံးရာကျပ်ဈေးကျလာပါတယ်။ကျန်မြေသြဇာဈေးကတော့ ငြိမ်နေတယ်လို့သိရပါတယ်။ဒီအချိန်ကနှမ်းစိုက်ရာမှာအသုံးမရှိတော့ဘဲ ပဲစိုက်ပျိုး ရာမှာသာနည်းနည်းအသုံးရှိတာကြောင့် အရောင်းအဝယ်က ဒီတစ်ပတ်မှာ လျော့လာတယ်လို့စိုက်ပျိုးရေးအရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးမှ ဆိုပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ဈေး မှာယခင်တစ်ပတ်ဈေးအတိုင်းမြားကမ္ဘာ- တရုတ် ၁၂း၁၃ (အပြာ) ၁၄၅၀၀ ကျပ်၊ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အစိမ်း) ၁၄၅၀၀ ကျပ်၊ ဆင်(၁၀း၁၀း၅) ၁၄၃၀၀ ကျပ်၊ အာမို(၁၀း၁၀း၅) ၁၅၁၀၀ ကျပ်၊ အာမို(၁၅း၁၅း၁၅) ၃၄၅၀၀ ကျပ်၊ အာမို(၁၆း၁၆း၈) ၃၂၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၀၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေ တောင်) ၁၉၀၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၀၂၀၀ ကျပ်၊အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၆၃၀၀ ကျပ်၊ ပိုတက် ၂၅၈၀၀ကျပ်၊ တောင်သူမ၁၄၂၀၀ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာ က ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ မြေသြဇာရောင်းဝယ် ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။မြေသြဇာအရောင်းအဝယ်ပုံမှန်ရှိသလို ဈေးကလည်း ပုံမှန်လေးနဲ့ပဲ သွားနေ တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ယူရီးယားမြေသြဇာက ဈေးငြိမ်နေ သလို တီစူပါမြေသြဇာနဲ့ ပိုတက် မြေ သြဇာက ဈေးကျလာပါတယ်။ တီစူပါ က ခြောက်ရာကျပ် ဈေးကျလာ သလို ပိုတက်က တစ်ထောင်ဝန်းကျင် ဈေး ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်နေတဲ့ ဈေးများမှာ ယူရီး ယား(ရွှေတောင်-တရုတ်)၁၉၅၀၀ ကျပ်၊ ယူရီးယား (နေရွက်လှေ-တရုတ်) ၁၉၅၀၀ကျပ်၊တီစူပါ (သံကွင်း -တရုတ်) ၁၉၈၀၀ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၅၀၀၀ ကျပ်၊ ကွန်ပေါင်း (နေရွက်လှေ-တရုတ်) ၁၅း၁၅း၁၅ ၃၂၅၀၀ ကျပ်၊ ကွန်ပေါင်း (၂၅းရး၇) ၄၃၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)
