Main menu

Background

ဆုတံဆိပ်များစွာနဲ့ ပွဲလယ်တင့်ခဲ့သော (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ

Wed, 09/25/2013 - 14:32 -- ydnar

၂၀၀၃ ခုနှစ် အောက်တိုဘာလ တွင် ကျင်းပသော (၇)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးဆွေးနွေးပွဲ တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကြားပေါင်က တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့တွင် ၂၀၀၄ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပသွားရန် အဆိုပြုခဲ့ရာမှစ ၍ တရုတ်-အာဆီယံကုန်စည်ပြပွဲများ ကို နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ် ၂၀၁၃ ခုနှစ်သည် (၁၀)ကြိမ် မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ဖြစ်သည်။ ထို့ကြောင့် ယခုနှစ်တွင် အာဆီယံ-တရုတ်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် CAEXPO ၏ (၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့ အထိ ကျင်းပခဲ့ပါသည်။

(၁၀)ကြိမ်မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲဖွင့်ပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃ ရက် နံနက် ၀၉း၀၀ နာရီတွင် နန်နင်း အပြည်ပြည် ဆိုင်ရာကွန်ဖရင့်နှင့် ကုန်စည်ပြပွဲ ဗဟို ဌာနကြီးတွင် တစ်ပေါင်းတည်းကျင်းပခဲ့ ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီး ချုပ် H.E. Li Keqiang  နှင့် အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များ၊ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး၊ မြန်မာနိုင်ငံမှ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် အခြားအာဆီယံနိုင်ငံများမှခေါင်းဆောင် များလည်း တက်ရောက်ခဲ့ကာ မိန့်ခွန်း များပြောကြားခဲ့ကြသည်။နှစ်စဉ်ကျင်းပ သည့် ကုန်စည်ပြပွဲတိုင်းတွင် အမျိုးသား ပြခန်းဆောင်နှင့် ကုန်စည်ပြပွဲဆောင်ဟူ ၍ အဓိကနှစ်ပိုင်း ခင်းကျင်းပြမြဲဖြစ် သည်။(၁၀)ကြိမ်မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွက် နှစ်လိုဖွယ်ရာမြို့ ၏ Theme မှာ '' ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအခွင့်အလမ်းသစ်၊ တွန်းအား သစ်နှင့် အခြေအနေသစ်များ" (Regional Cooperation and Development;New Opportunities, New Imputes and New Stage)ဖြစ်သည်။ Theme  နှင့် လျော်ညီသော ကျောက်ဖြူမြို့ကို ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်မြို့အဖြစ် ရွေးချယ်ကာ အမျိုးသား ပြခန်းဆောင် ကိုတည်ဆောက်ခင်းကျင်းပြသခဲ့သည်။ ကျောက်ဖြူမြို့သည် မကြာမီကမှ စတင် ဖွင့်လှစ်ခဲ့သော တရုတ် - မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကြီး တည်ရှိရာမြို့ ဖြစ်သည်။ ယင်းဓာတ်ငွေ့ပိုက်လိုင်းကြီး ကို အခြေခံ၍ တရုတ်-မြန်မာ ရထား လမ်းကြီး ပေါ်ပေါက်လာရန်လည်း အလားအလာရှိ နေသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်စီမံကိန်းသည် ဒေသတွင်းဖွံ့ဖြိုးရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းသစ် ဖြစ်သည်။ မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအရှိန်အဟုန် ကို တစ်ဆင့်မြှင့်တင်မည့် တွန်းအား သစ်လည်းဖြစ်သည်။ ထို့အပြင် မြန်မာ- တရုတ်လမ်းမကြီးသည်အိန္ဒိယ-မြန်မာ- ထိုင်း ဆက်သွယ်မည့် မဟာဗျူဟာလမ်း မကြီးများနှင့်လည်း ချိတ်ဆက်နေသည်။ အာဆီယံ-မဲခေါင် ဒေသတွင်း စီးပွား ရေး အမြန်လမ်းမကြီးများနှင့် လည်း ယှက်နွှယ်နေသည်။ထို့ကြောင့် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှု အတွက် မြန်မာနိုင်ငံ၏  အချက်အချာ ကျမှုကို ဒေသတွင်း မြေပုံကြီးတွင် စီးပွားရေး လမ်းမကြီးများ၊ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းကြီးများ ဖော်ပြ၍ အမျိုးသားပြခန်းဆောင်၏ မျက်နှာစာ တွင် ဖော်ပြထားသည်။ ယင်း၏နောက် တွင်ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင် ရခိုင်ပြည်နယ်၏အဖိုးတန် မြောက် ဦးဘုရားများ အနက်မှ ထင်ရှားသည့် ထုတ်ခံသိမ်၏ခန့်ညားလှပသောဓာတ်ပုံ ကြီးကို ခန်းလုံးပြည့်ခင်းကျင်းပြသထား သည်။ ယင်း၏ ကျောကပ်လျက်တွင် တော့ ရခိုင်ပြည်နယ် အရင်းအမြစ်တစ် ရပ်ဖြစ်သောကမ္ဘာကျော်ငပလီကမ်းခြေ အလှပန်းချီကားချပ်ကြီးတွင် ရေသူမ အရုပ်ပုံဖြင့် ဖြည့်စွက် ဆင်ယင်၍ သဲသောင်ကမ်းစပ်ကို သဲအစစ်များခင်း ကာ ကမ်းစပ်ထိုင်ခုံများ နှင့် ၈ ပေကျော် ပုသိမ်ထီးကြီးဖြင့် ဒီဇိုင်း ဖန်တီးထားရာ ကြည့်ရှုသူများ အလုအယက် ဓာတ်ပုံ ရိုက်ကူးကြခြင်းဖြင့်တစ်နေကုန်စည်ကား လျက်ရှိပါတော့သည်။ မြန်မာနိုင်ငံ၏ ကုန်စည်ပြခန်း ဆောင်တွင် ကုန်စည်ပြခန်း (၈၄) ခန်း ခင်းကျင်းပြသခဲ့ရာ ကုန်သည်အသင်းများ ၏ ပြခန်းများနှင့် ကုမ္ပဏီ တစ်ခုချင်းမှ ခင်းကျင်း ပြသသည့် ပြခန်းများပါဝင် သည်။ အဓိက ပြခန်းများမှာ မြန်မာ့ ရတနာကျောက်စိမ်း၊ အထည်များ ဖြစ် ပြီး၊ တရုတ်လူမျိုးများ အကြိုက်ဖြစ်၍ ကြိတ်ကြိတ်တိုး စည်ကားလှပါသည်။ ယင်းအပြင် ဆန်အသင်း၊ သစ်အသင်း၊ စက်မှုထုတ်ကုန်အသင်း၊ မူဆယ်နမ့်ခမ်း နယ်စပ်ကုန်သည်အသင်းနှင့်သမဝါယမ အသင်းတို့မှပြခန်းများလက်မှုအနုပညာ ပစ္စည်းပြခန်းများဖြင့် ဝေေ၀ဆာဆာပြသ နိုင်ခဲ့ပါသည်။ ကုန်စည်ပြခန်းဆောင်ဖွင့်ပွဲကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ နေ့လည် ၂ နာရီတွင် ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် တက်ရောက်ချီးမြှင့်ခဲ့ပြီး၊ လယ်ယာစိုက် ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းနေ့တွင်ပင် စိုက်ပျိုးရေး ဆိုင်ရာပြခန်း၊ အပေါ့စား စက်မှုပြခန်းဆောင် ဖွင့်ပွဲအခမ်းအနား များကိုလည်း သက်ဆိုင်ရာ ခန်းမများ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ သည်တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသပြသရုံသာမက ဒေသ တွင်းပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေး အတွက် ဆွေးနွေးပွဲများ၊ ဖိုရမ်များကို လည်း တစ်ပြိုင်တည်းကျင်းပခဲ့ပါ သည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ASEAN Industrial Parks Promotion Conference  ကို ကျင်းပခဲ့ရာ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် စက်မှုကုန်ထုတ်အသင်းမှ အမှုဆောင် ဦးနေလင်းဇင်တို့ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ပါသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် China-ASEAN EXPO Investment & Cooperation Roundtable Meeting ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူး ချုပ်၊ ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်း မှ အမှုဆောင် များ တက်ရောက်ခဲ့ပါသည်။ ယင်းနေ့ နေ့လည် ၂ နာရီတွင် Golden-land Myanmar National Promotion Conference ကိုကျင်းပခဲ့ရာ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့် က အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ နိုင်ငံတကာမှစိတ်ဝင်စားသူ ၂၀၀ တက် ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု အလားအလာများကို ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ကုန် သည် စက်မှုအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးမိုးမြင့်ကျော် တို့က ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူ များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ပါသည်။ တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံကိုယ်စားလှယ် အဖြစ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက တရုတ်-အာဆီယံကုန် စည်ပြပွဲကျင်းပရေးကော်မတီ ဒုတိယ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း ကောင်း၊ ပြပွဲဆိုင်ရာ မြန်မာနိုင်ငံ Laison Officer  အဖြစ်ညွှန်ကြားရေး မှူးဒေါ်နော်မူတာကပေါတို့က တာဝန် ယူ၍ ပြပွဲမတိုင်မီ ကြိုတင်သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ ပြပွဲတွင် (၁၀)ကြိမ်မြောက် တရုတ် အာဆီယံကုန်စည်ပြပွဲကျင်းပမှု အထိမ်း အမှတ်အဖြစ် ဆုများချီးမြှင့်ခဲ့ ရာ နန်နင်းမြို့ တရုတ်အာဆီယံကုန် စည် ပြပွဲသို့ (၁၀)နှစ်ဆက်တိုက် တက် ရောက် ချီးမြှင့်ခဲ့သည့် မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံမှ စီးပွားရေးဝန်ကြီး မစ္စတာချန်ပရာ ဆစ် တို့အား ဂုဏ်ပြုဆု များချီးမြှင့်ခဲ့ပါ သည်။ မြန်မာနိုင်ငံကုန် သွယ်မှုမြှင့်တင် ရေးဦးစီးဌာနအား အကောင်းဆုံး စည်း ရုံးစီစဉ်နိုင်သည့် အဖွဲ့အစည်းဆုချီးမြှင့်ခဲ့ ပါသည်။ ထို့အပြင် ကုန်သည်စက်မှု အသင်းမှ အမှုဆောင်များကိုလည်း ဆုပေါင်း ၂၀ ကျော်ချီးမြှင့်ခဲ့ပါသည်။ (၁၀) ကြိမ်မြောက် တရုတ် အာဆီယံ ကုန်စည်ပြပွဲအတွက် နှစ်စဉ် ချီးမြှင့်သည့်ဆုများအနက် ယခုနှစ်တွင် မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုကို အသိအမှတ်ပြုသောအားဖြင့်အကောင်း ဆုံးနှစ်လိုဖွယ်ရာ မြို့ဆု၊ အမျိုးသား ပြ ခန်းဆောင်ဆု၊ အကောင်းဆုံး ကုန် စည်ပြပွဲ စည်းရုံး စီစဉ်သူဆု၊ အကောင်း ဆုံး လုပ်ငန်းရှင်များ စည်းရုံး စီစဉ်သူ ဆုများကို ပြပွဲကျင်းပရေး ကော်မတီက ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ပါကြောင်း တင်ပြလိုက်ရပါသည်။အယ်ဒီတာအဖွဲ့