ယခုနှစ်(၈)လတာ ဆန်တင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၂ ဘီလီယံထိ ရရှိခဲ့သည့်ဗီယက်နမ်
ဗီယက်နမ်နိုင်ငံက ယခုနှစ် ပထမ (၈)လ အတွင်းမှာ ပြည်ပသို့ဆန်တန် ချိန် စုစုပေါင်း ၄ ဒသမ ၆၉ သန်း တင် ပို့ခဲ့ရာ ဝင်ငွေကန်ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ် နိုင်ငံလယ်ယာစိုက်ပျိုးရေးနဲ့ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ သြဂုတ် လ ၂၈ ရက်နေ့က ပြောကြားတယ်။ ၎င်းတင်ပို့မှုက ယခင်နှစ်ကာလတူ နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏမှာ ၁၅ ဒသမ ၇ ရာခိုင်နှုန်းနဲ့ တန်ဖိုးငွေ ရရှိ မှုမှာ ၁၈ ဒသမ ၄ ရာခိုင်နှုန်းကျဆင်း ခဲ့တယ်။
မကြာသေးခင်လများ အတွင်း က ဗီယက်နမ်က ပို့ကုန်ဆန် ဈေးနှုန်း များကို လျှော့ချလိုက်ရာ ယခင်နှစ်ဈေး ထက် ၃ ဒသမ ၂ ရာခိုင်နှုန်းထိလျော့ နည်း သွားခဲ့ပြီး၊ FOB တစ်တန် ပျှမ်းမျှ ဈေးက ကန်ဒေါ်လာ ၄၃၈ ဒသမ ၄၉ ဖြစ်တယ်။ တရုတ်နိုင်ငံမှ ဗီယက်နမ်ဆန်ကို အကြီးဆုံးဝယ်လက်ဖြစ်ပြီး တန်ချိန် ပေါင်း ၁ ဒသမ ၄၇ သန်း တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၆၀၉ ဒသမ ၁၃ သန်းဖိုးအထိ တင်ပို့နိုင်ခဲ့တယ်။ ၎င်း ပမာဏက ဗီယက်နမ်နိုင်ငံရဲ့ ယခုနှစ် ပထမ(၈)လ အတွင်းပြည်ပကို ဆန် တင်ပို့မှု စုစုပေါင်းရဲ့ ၃၂ ဒသမ ၈ ရာခိုင်နှုန်းထိ ရှိခဲ့တယ်။ တရုတ်နိုင်ငံသို့ တင်ပို့မှုက နှစ်စဉ်တိုးတက်လျက်ရှိရာ ယခင်နှစ်ကထက် တန်ချိန်အားဖြင့် ၉ ဒသမ ၆ ရာခိုင်နှုန်းနဲ့ တန်ဖိုးအားဖြင့် ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်။ ဒါ့အပြင် အခြားဈေးကွက်နိုင်ငံ များသို့လည်း တိုးတက်တင်ပို့ခဲ့ရာမှာ စင်္ကာပူနိုင်ငံသို့ ၆၂ ဒသမ ၈ ရာခိုင်နှုန်း၊ အင်ဂိုလာနိုင်ငံသို့ ၂၃ ဒသမ ၁ ရာခိုင် နှုန်း၊ ဂါနာနိုင်ငံသို့ ၂၈ ဒသမ ၄ ရာခိုင် နှုန်းနဲ့ ဟောင်ကောင်နိုင်ငံသို့ ၁၇ ဒသမ ၃ ရာခိုင်နှုန်းအသီးသီး တိုးတက် တင်ပို့ ခဲ့ရတယ်။ ဗီယက်နမ်နိုင်ငံက ယခုနှစ်မှာ ဆန်တန်ချိန်စုစုပေါင်း ၇ ဒသမ ၅ သန်း တင်ပို့လျာထားကြောင်း ဗီယက်နမ် စား နပ်ရိက္ခာအသင်းမှ ပြောကြားတယ်။စန္ဒာပျို
