ထိုင်းနိုင်ငံလေဆိပ်များတွင် ထိုင်းဟုန်မာလီ (ထိုင်းဆန်မွှေး) များအား အမှတ်တရပစ္စည်းအဖြစ် ရောင်းချသွားတော့မည်
ထိုင်းဆန်မွှေး (စပယ်ရနံ့) ဟုန် မာလီဆန်နဲ့ သြဂဲနစ်ဆန်မွှေးများအား ထိုင်းနိုင်ငံအဝှမ်းရှိလေဆိပ်များမှာ ယခု လကစပြီး ကမ္ဘာ့လှည့်ခရီးသွားများ ပထမဦးဆုံးအကြိမ်အဖြစ် ရောင်းချ သွားရန်စီစဉ်နေပြီဖြစ်ပါတယ်။ ကျော် ကြားလူသိများတဲ့ ထိုင်းဆန်မွှေးကို မသိ သေးတဲ့ ကမ္ဘာ့နိုင်ငံများက သိရှိသွားစေ ရန် ကုန်သွယ်မှု တိုးမြှင့်နိုင်ရန် ထိုင်း အစိုးရကရည်ရွယ်ပြီးလုပ်ဆောင်တာလို့ သိရပါတယ်။
ထိုင်း အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှု မြှင့်တင်ရေးဌာန ညွှန်ကြား ရေးမှူးချုပ် Srirat Rastanap က ထိုင်း လေဆိပ်များတွင် ထိုင်းနိုင်ငံရဲ့အမှတ် တရ ပစ္စည်းအဖြစ် ထိုင်းဆန်မွှေးရောင်း ချရန်နေရာ စီစဉ်ပေးခြင်းအားဖြင့် ထိုင်း လေဆိပ်များရဲ့ပူးပေါင်းဆောင် ရွက် မှုကိုရရှိကြောင်းပြောကြားပါတယ်။ တောင်ကိုရီးယားနိုင်ငံဆိုလျှင် ဂျင်စင်း၊ နယ်သာလန်နိုင်ငံဆိုလျှင် တူးလစ်ပန်း၊ ဂျပန်နိုင်ငံဆိုလျှင် လက်ဖက်ခြောက်တို့ ကဲ့သို့ပင် ထိုင်းနိုင်ငံအနေနဲ့လည်း ၎င်း တို့နိုင်ငံရဲ့ကိုယ်စားပြုအမှတ်သင်္ကေတ ထိုင်းဆန်မွှေးအား ကမ္ဘာ့ဈေးကွက်သို့ ကြော်ငြာခြင်းအားဖြင့် ကုန်သွယ်မှုတိုး မြှင့်နိုင်ရန် ရည်ရွယ်လုပ်ဆောင်တယ်လို့ Srirat ကပြောပါတယ်။ ထိုင်းဆန်မွှေး(စပယ်ရနံ့) ဟုန် မာလီ ဆန်ကို ၎င်း ရဲ့အရည်အသွေး ကြောင့် လူသိများကြပြီး ကမ္ဘာအနှံ့မှာ လည်း ပုံမှန် စားသုံးလျက် ရှိကြပါ တယ်။ ယခုအခါ ထိုင်းဆန်မွှေးအား ထိုင်းနိုင်ငံရဲ့လေဆိပ်များဖြစ်တဲ့ သုဝဏ္ဏ ဘူမိ၊ ဒွန်မောင်း၊ ဖူးကတ်နဲ့ ချင်းမိုင် လေဆိပ်များမှာထိုင်းအမှတ်တရ ပစ္စည်း အဖြစ် ရောင်းချသွားမှာဖြစ်ပါတယ်။ ထိုင်းဟုန်မာလီဆန်မွှေးများကို အထုပ် ငယ်လေးများအဖြစ် ထုပ်ပိုးပြီး အာဟာရဓာတ် ပါဝင်မှု၊ မိရိုးဖလာစိုက် ပျိုးသည့် နည်းစနစ်၊ ထွန်ယက်ပုံ၊ ရိတ် သိမ်းထုတ်လုပ်ပုံ လုပ်ငန်းစဉ်များကို ဆန်အိတ်ငယ်မှာ ဖော်ပြထားပါတယ်။ ဆန်အိတ်မှာ "ထိုင်းနိုင်ငံ၏ လက် ဆောင်" ဟုစာတန်း ခပ်နှိပ်ထားပါ တယ်။ဆန်ထုပ်အရွယ်များဟာ ၁ ကီလို ဂရမ်နဲ့ ၂ ကီလိုဂရမ်အရွယ်များဖြစ်ကြ ပါ တယ်။ ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက စတင် လိုက်တဲ့ ဒီအစီအစဉ်ကြောင့် ထိုင်း ဆန်ရောင်းအားတိုးတက်စေပြီး အစိုးရ သိုလှောင်ထားရတဲ့ ဆန်များလျော့နည်း စေနိုင်မှာဖြစ်ပါတယ်။ ထိုင်းကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေနဲ့ခရီး သွား အကျိုးဆောင်များနဲ့အတူတကွ လုပ်ဆောင်ပြီး နိုင်ငံအနှံ့ကိုရောက်ရှိ လာကြတဲ့ ကမ္ဘာ့ခရီးသွားများအား ရောင်းချနိုင်ရေး စီမံထားတာဖြစ်ပါ တယ်။CMK
