မြန်မာ-ဗီယက်နမ် သတ္တမအကြိမ် ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ခြင်း
မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲ ကော်မတီ၏ သတ္တမအကြိမ် အစည်း အဝေးကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံ၌ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့တွင် ကျင်းပပြု လုပ်ခဲ့သည်။ အဆိုပါ ကုန်သွယ်ရေး ပူးတွဲ ကော်မတီ အစည်းအဝေးသို့ မြန်မာ နိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း ဦးဆောင် သော အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ် အဖွဲ့ဝင် ၁၃ ဦးတို့ ပါဝင် တက်ရောက်ခဲ့သည်။
ဗီယက် နမ်နိုင်ငံဘက်မှ စက်မှုနှင့် ကုန်သွယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Nguyen Cam Tu က ဦးဆောင် သော အဖွဲ့ဝင် ၁၃ ဦးပါ ကိုယ်စား လှယ် အဖွဲ့တို့ တက်ရောက်ခဲ့ကြပါ သည်။ အဆိုပါ အစည်းအဝေးတွင် နှစ် နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ကုန် သွယ်မှုနှင့် ဆက်နွှယ်သည့် ကိစ္စများ ဖြစ်သော ကုန်သွယ်မှု မူဝါဒ ဆိုင်ရာ ကိစ္စများ၊ နှစ်နိုင်ငံ အကောက်ခွန်ဌာန များ အကြား ပူးပေါင်း ဆောင်ရွက်လို သည့်ကိစ္စ၊ နှစ်နိုင်ငံ ဖက်စပ်ဘဏ် တည်ထောင်လိုသည့်ကိစ္စ၊ ကုန်သွယ်မှု မြှင့်တင်ရေး ဆိုင်ရာကိစ္စများ၊ စွမ်းအင် ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံလိုသည့်ကိစ္စ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ ဗီယက်နမ်ဈေးကွက်သို့ ဝင်ရောက်ခွင့် ရရှိရေးဆိုင်ရာ ကိစ္စများ၊ ငါးပုစွန်မွေးမြူ ရေးနှင့် ထုတ်လုပ်ရေးတွင် ပူးပေါင်း ဆောင်ရွက်လိုသည့် ကိစ္စ၊ သယ်ယူပို့ ဆောင်ရေးတွင် ပူးပေါင်းလို သည့်ကိစ္စ များကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးညှိ နှိုင်းခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးခဲ့ခြင်းဖြင့် ဗီယက် နမ်နိုင်ငံသို့ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများ ပိုမိုတင်ပို့နိုင်မည့် အခွင့် အလမ်းကောင်းများ ရရှိခဲ့ပါသည်။ ထို့ အပြင် နှစ်နိုင်ငံ ရေထွက်ပစ္စည်းထုတ် လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းတို့အကြား နည်းပညာနှင့် ရှေ့ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို အမြင်ချင်း ဖလှယ်၍ ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပါသည်။
