Main menu

Background

စက်တင်ဘာလဆန်း ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပဲကြီးနဲ့စားတော်ပဲ ဈေးအမြင့်ရနေသော်လည်း အခြားပဲများ ဈေးလျော့နည်းခဲ့

Thu, 09/26/2013 - 13:32 -- ydnar

ပြည်ပဲဈေးကွက်အတွင်း စက်တင် ဘာ ပထမပတ်မှာ အရောင်းအဝယ် ဖြစ်ခဲ့သော ပဲဈေးနှုန်းများကို လေ့ လာရာမှာ အခြားပဲမျိုးစုံဈေးနှုန်းများမှာ သြဂုတ်လကုန်ဈေးထက် ဈေးလျော့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲကြီးဈေးမှာ ဆက်လက်မြင့်တက်လာခဲ့သလို စား တော်ပဲဈေးကလည်း ဈေးအမြင့်နဲ့ ဈေး ငြိမ်နေခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ပဲဝင် ရောက်မှုနည်းပါးသလို ဈေးနှုန်းက လည်း တစ်စတစ်စ ကျဆင်းခဲ့ပြီး၊ ရန်ကုန် ဝယ်လက်က ပုံမှန်အဝယ်ရှိတဲ့ အတွက် တစ်တင်း ၁၅၂၀၀ ကျပ်နဲ့ ယခင်အပတ်ဈေးထက် တစ်တင်း ၆၀၀ ကျပ်ခန့် ဈေးလျော့ခဲ့ပါတယ်။

စက်တင် ဘာလဆန်းမှာ ပဲတီစိမ်းသီးနှံမှာ ပဲ အဝင်သိသိသာသာပါးသွားခဲ့ပြီးပဲလက် ကျန်များနဲ့ မန္တလေး၊ ရန်ကုန် ဝယ်လက် များအဝယ်ရှိတာကြောင့်တစ်ရက်အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲ ဈေးနှုန်းမှာ တစ်တင်း ၂၀၀၀၀ ကျပ်ရှိခဲ့ ပါတယ်။ ပဲစင်းငုံမှာ ပဲလက်ကျန်ရှိခဲ့သော် လည်း ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိမှ သာအိတ် ၃၀၀ ကျော်အရောင်းအဝယ် ဖြစ်ခဲ့သလို ယခုလဆန်းမှာတစ်တင်း ၁၇၂၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် ဈေးလျော့သွားခဲ့ပါတယ်။ ကုလားပဲ ဈေးကလည်း ဆက်လက်ကျဆင်းခဲ့ပြီး၊ တစ်တင်း ၁၇၉၀၀ ကျပ်နဲ့ ဒေသတွင်းခွဲ စက်သမားသာ အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၂၀၀ နဲ့ ၃၀၀ အကြား အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲကြီးဈေးကတော့ ဈေးကွက် အတွင်း ဈေးအမြင့်ဆုံးရလျက် ရှိခဲ့ပြီး၊ ယခင် သြဂုတ်လကုန်ရက်ထက် ယခုလဆန်း ရက်မှာ တစ်တင်း ၁၀၀၀ ကျပ်ခန့်ထိ ဆက်လက်ဈေးပိုခဲ့တာကြောင့် ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၇၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၃၅၅၀၀ ကျပ်နဲ့ ပဲကြော်၊ ပဲလှော်လုပ်ငန်းများမှ တစ်ရက် အိတ် ၂၀၀ ကျော် နေ့စဉ်ဝယ်ယူလျက် ရှိခဲ့ပါတယ်။ စားတော်ပဲသီးနှံမှာလည်း ပဲကြီးဈေးနဲ့အပြိုင် တစ်တင်း ၃၅၀၀၀ ကျပ်နဲ့ဈေးအမြင့်နဲ့ပဲဆက်လက်အရောင်း အဝယ်ဖြစ်ပြီး၊ လက်လီသမားများ ဝယ် ယူခဲ့ပါတယ်။ ပဲပုပ်ကတော့ ပဲလက် ကျန် နည်းခဲ့လို့ ပဲဈေးမှာ တစ်တင်း ၂၃၅၀၀ ကျပ်နဲ့ လက်လီသမားများ နေ့စဉ် ဝယ်ယူနေကြတယ်လို့ သိရ ပါတယ်။    ခင်ဆွေဝင်း-ပြည်