Main menu

Background

ယခင်နှစ်ထက် ဈေးကောင်းရသလို ယခုနှစ်မှာလည်းဈေးအမြင့်ဆုံးဖြစ်နေတဲ့ ပြည်ပဲကြီးဈေးကွက်

Thu, 09/26/2013 - 13:33 -- ydnar

စက်တင်ဘာလဆန်းရက်မှာ ပြည်ပဲဈေးကွက်အတွင်း အခြားပဲမျိုးစုံဈေးနှုန်းများ တစ်စတစ်စ ဈေးလျော့ခဲ့ ပေမယ့် ပဲကြီးဈေးကတော့ တရိပ်ရိပ်တက်နေတာကြောင့် ယခုတစ်ပတ်မှာ ရွှေကျွန်းတစ်တင်း ၃၇၅၀၀ ကျပ်(ကမ်းနား) တစ်တင်း ၃၅၅၀၀ ကျပ်ထိ ဈေးနှုန်းများမြင့်တက်လျက်ရှိခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးသီးနှံမှာ ပဲဝင်ရောက်မှု အသင့်အတင့်သာရှိခဲ့ပြီး၊ လှောင်လက်သမားများမှ ထုတ်ရောင်းချနေခဲ့ပြီး၊ ဒေသတွင်းသာ ပဲကြော်ဖိုလုပ်ငန်းရှင်များ နေ့စဉ်အိတ် ၂၀၀ ကျော် ဝယ်ယူ နေခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးဈေးနှုန်းများမှာ ယခင်နှစ်ကလည်း အခြားပဲများနဲ့ယှဉ်ရင် ဈေးကောင်းခဲ့သလို ယခုနှစ်မှာလည်း ပဲဈေးကွက်အတွင်း ပဲကြီးသီးနှံမှာ ဈေးအမြင့်ဆုံးရလျက် ရှိတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်