မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၂၈ ရက်မှ စက်တင် ဘာလ ၃ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၂၀ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၃၃၁၈ တန်နီးပါး တင်ပို့ခဲ့သလို ကန် ဒေါ်လာသုည ဒသမ ၀၉၀ သန်းတန်ဖိုး ရှိ ပဲတီစိမ်းလုံးခြမ်း ၇၉ တန်ကျော်ကို လည်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကပဲတီစိမ်းလုံးပြည့် ၂၇၀၂ တန် ကျော်သာ တင်ပို့နိုင်ခဲ့လို့ ယခုအပတ် ပဲတီစိမ်းတင်ပို့မှု ၆၁၅ တန်ကျော် ပိုမို လာတာတွေ့ရပါတယ်။ သြဂုတ်လမှာ မူဆယ်နဲ့ချင်းရွှွေဟော် စခန်းများမှ ပဲတီစိမ်း လုံးပြည့်တင်ပို့မှု ၁၉၅၄၀ တန်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။
ယခင်အပတ်က ပဲတီစိမ်း (အညာ) တစ်တန်ကို မူဆယ် ကုန်စည်ဒိုင်မှာ ၈၃၈၁၃၆ ကျပ်ဈေးရှိခဲ့ရာမှ ယခုအပတ် ၈၃၉၇၃၄ ကျပ်ကိုအနည်းငယ်မြင့်တက် လာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ တင်ပို့ရာတွင်ဈေးကွက်အရ ဈေးနှုန်း မြင့်မားစွာရရှိရန် အချိန် စောင့်ဆိုင်း နေရပြီး ဝယ်ယူသူများကလည်းဈေးနှုန်း အသက်သာဆုံးဖြစ်အောင် စောင့်ဆိုင်း ဝယ်ယူကြသောကြောင့် အမြင့်ဈေးရရှိ ရန် ပဲလုပ်ငန်းရှင်များအနေဖြင့် သို လှောင်ထားမှုများလည်းရှိနေကြောင်း သိရပါတယ်။ မော်မော်အောင်MIRT (DCCA)