ချင်းဈေးကွက်ကြီးဖြစ်တဲ့ အောင်ပန်းချင်းဈေးကွက်မှာ ဒီတစ်ပတ်တော့ Export အဝယ်ခဏရပ်နေပါတယ်။ ဒါပေမယ့် တမူးလှောင်လက်တွေကတော့ ဆက်ပြီးဝယ်နေတုံးပါပဲ။ ဝယ်လိုအားကလည်း လျော့မသွားပဲ တစ်ပတ်ကို ပိဿာ ချိန် ၂ ဒသမ ၅ သိန်းခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ လှောင်လက်တွေက ပြည်ပကိုတင်ပို့မှု မရှိပေမယ့်လည်း လှောင်လက်တွေကတော့ ပုံမှန်အတိုင်း ဝယ်ယူနေသလို ပြည်တွင်းသုံး ချင်းထိုးသမားတွေလည်း ဝယ်ယူနေကြပါတယ်။
အောင်ပန်းဈေးကွက်မှာဒီတစ်ပတ် ချင်း(ဥမ)အပြင် ချင်းသစ်တွေလည်း အနည်းငယ် စပြီးတော့ ဝင်လာနေပါပြီ။ ယခုလကုန်မှသာ ဝင်မှာဖြစ်ပေမယ့် ဒီနှစ်မှာ ချင်းဈေး ကောင်းလို့ ခပ်စောစောပြန်စိုက်တဲ့ ချင်းသစ်တွေက ဈေးကွက်ကို စောစောဝင်လာ တာလို့လည်း သိရပါတယ်။ ချင်းဈေးကလည်း ဈေးအမျိုးမျိုးနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ချင်းအသစ်ကတော့ တစ်ပိဿာ ၇၀၀ ကျပ်ဈေးပေါက်ပါတယ်။ ချင်း(ဥမ)ကို တော့ လှောင်လက်(လက်ကြီး)သမားတွေကို တစ်ပိဿာ ၁၃၀၀ ကျပ်၊ ပြည်တွင်းဈေးပတ်သမားတွေကို တစ်ပိဿာ ၁၄၀၀ ကျပ်ဈေးနဲ့ ရောင်းချတယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ သြဂုတ်လအတွင်း ချင်းပိဿာချိန် ၁၁ ဒသမ ၈ သိန်းအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ချင်းစိုတွေဈေးကောင်းတော့ ချင်းခြောက်က လည်း လိုက်ပြီးဈေးတက်လာပါတယ်။ တစ်ပိဿာ ၁၂၀၀ ကျပ် - ၁၃၀၀ ကျပ် ဈေးနဲ့ ကုန်သည်တွေက ဝယ်ချင်ပေမယ့် ထုတ်ရောင်းမယ့်သူက မရှိဘူးလို့လည်း သိရပါတယ်။ ချင်းစိုအတိုင်း အရောင်းအဝယ်ဖြစ်နေတာကြောင့် ချင်းခြောက်က လည်း လုပ်သမား နည်းပြီး၊ အဝင်ကလည်း နည်းနေတယ်လို့ အောင်ပန်းဈေးကွက် က သိရပါတယ်။ ဧဧခိုင် - တောင်ကြီး