နောက်ဆုံးသီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်နေ့တာကာ လအတွင်း မန်ကျည်း ၄၇ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပါတယ်။ မန်ကျည်းကို ယခင်တစ်ပတ်တင်ပို့မှုပျောက်ခဲ့ပြီး ဒီတစ် ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပတ်ကနေ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့ပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်းမန်ကျည်းစုစုပေါင်း တင်ပို့ခဲ့ တဲ့တန်ချိန်မှာ သုံးရာ့ကိုးဆယ့်လေးတန်ကျော်ရှိခဲ့ပြီး ဇူလိုင်လအတွင်း မန်ကျည်း စုစုပေါင်းတင်ပို့တန်ချိန်မှာ တန်ချိန် နှစ်ရာ့လေးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာတန်ချိန် တစ်ရာ့ငါးဆယ်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လအတွင်း မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ရှစ်သောင်းကျော်ရရှိခဲ့တယ် လို့သိရပါတယ်။ MIRT (DOT)