ပြည်ဈေးကွက်အတွင်း မန်ကျည်းသီးစိမ်းဈေးမှာ ပေါ်စအချိန်က ၁၀ ကျပ်သား ၅၀၀ ကျပ်ဈေးအထိ ဈေးကောင်းခဲ့ပြီး၊ အဝင်များလာချိန်မှာတော့ တဖြည်းဖြည်း ဈေးကျလာကာ၂၀၀ ကျပ်မှယခုတစ်ပတ်ဆို ၁၀ ကျပ်သား ၁၀၀ ကျပ်အထိ ဈေးကျ သွားတာကို တွေ့ရပါတယ်။ ရာသီစာ သီးနှံဖြစ်တာကြောင့် အရောင်းသွက်တယ် လို့ သိရပါတယ်။
မန်ကျည်းမှည့်ဈေးကွက်မှာတော့ ယခင်ပတ်က ဈေးအတိုင်း အစေ့မပါ လက်ကား တစ်ပိဿာ ၁၅၀၀ ကျပ်၊ လက်လီ တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိကာ အရောင်းအဝယ်ကတော့ ခပ်အေးအေးဖြစ်နေတယ်လို့ သိရပါတယ်။ အိဆွေဇင် - ပြည်