Main menu

Background

ဈေးကောင်းရနေတဲ့ ကြက်သွန်နီ

Thu, 09/26/2013 - 13:57 -- ydnar

ဈေးကွက်အသီးသီးမှာ သြဂုတ်လလယ်မှစပြီး၊ တစ်ရိပ်ရိပ် မြင့်တက်လာတဲ့ကြက်သွန်နီဈေးမှာယခုစက်တင်ဘာ လဆန်း ပိုင်းမှာတော့အနည်းငယ်ပြန်အေးလာပါတယ်။ မန္တလေး ဈေး ကွက်မှ မူဆယ်ကို တင်ပို့မှုမှာ ပြီးခဲ့တဲ့ ဇူလိုင်လက တန်ချိန် ၄၀၀ ကျော်နဲ့ အနည်းဆုံးတင်ပို့ခဲ့ပြီး သြဂုတ်လမှာတော့ အဝယ်ပြန်လိုက်လာတဲ့ အတွက် တန်ချိန် ၁၅၀၀ ကျော်တင်ပို့ ခဲ့ကြောင်း၊ ဂိတ်ဖြတ်စာရင်းများအရ သိရပါတယ်။

ရန်ကုန်၊ မော်လမြိုင် ဝယ်လက်များအပြင် ထိုကာလအတွင်း စစ်တွေ ဝယ်လက်ပါတိုးလာတဲ့အတွက် ဒေသအသီးသီးရှိ ကြက်သွန်နီ ဈေးမြင့်လာရာ သြဂုတ်လလယ်လောက်က မန္တလေးဈေး ကွက်မှာ တစ်ပိဿာ ၈၀၀ ကျပ်၊ မြင်းခြံဈေးကွက်မှာတော့ ၇၇၅ ကျပ်ထိ ဈေးမြင့်လာပါတယ်။ ယခုနှစ် သီးနှံပေါ်စမှာ လည်း ဈေးကောင်းရခဲ့လို့ တောင်သူက စိုက်စရိတ်ကာမိခဲ့ ပါတယ်။ ဒါကြောင့် နောက်ပိုင်းသီနှံလှိုင်၊ ဈေးအေးလာချိန် ထုတ်မရောင်းဘဲ လှောင်နိုင်တဲ့အတွက် တောင်သာနယ် က ကြက်သွန်နီအများဆုံးစိုက်တဲ့ ကျေးရွာကတောင်သူ လှောင် လက်များကြောင်း ဈေးကွက်မှ သိရပါတယ်။ မိုးကြက်သွန်စိုက် ရာသီရောက်လာပြီဖြစ်တဲ့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြက်သွန်အများဆုံး  စိုက်တဲ့ နွားထိုးကြီးနယ်မှာ သြဂုတ်လကုန်အထိ ဧက ၁၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ မျိုးဈေးကတော့ မျိုးဥတစ်ပိဿာ ၅၀၀ ကျပ်ရှိပါတယ်။ ယခုရက်ပိုင်းမှာတော့ မူဆယ်ရောစစ်တွေဝယ်လက်ပါပြန်အေးသွားတာကြောင့် ဈေး ပြန်အေးလာရာတစ်ပိဿာကို၅၀ကျပ်မှ ၁၀၀ ကျပ်ထိလျော့ နည်းလာတယ်လို့ သိရပါတယ်။ သင်းသင်းမြတ် - မန္တလေး