Main menu

Background

ဓာတ်ဆီ၊ဒီဇယ်ဆီ ဈေးနှုန်း

Thu, 09/26/2013 - 13:58 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်နဲ့ ဓာတ်ဆီတန်ချိန်ရှစ်ထောင်ခြောက်ရာကျော်ဝင် သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက် အတွင်း ဓာတ်ဆီတန်ချိန် ရှစ်ထောင် ခြောက်ရာခုနှစ်ဆယ့်ငါး၊ ဒီဇယ်တန်ချိန် တစ်သောင်းနှစ်ထောင်ငါးရာ ခုနစ် ဆယ့်တစ်တန်ကို သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်ဝင်လာတဲ့ ဒီဇယ်၊ ဓာတ်ဆီ စုစုပေါင်းမှာ တန်ချိန် နှစ်သောင်း တစ်ထောင့် နှစ်ရာလေးဆယ့်ခြောက်တန်တင်သွင်းလာခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ် ရှစ်ထောင်ခြောက်ရာကျော်ရှိပါတယ်။ဒီတစ်ပတ်အဝင်မှာ တန်ချိန် တစ်သောင်း နှစ်ထောင်ကျော် ရှိခဲ့ပါတယ်။

ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ စက်တင်ဘာလ ၂ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ဒီတစ်ပတ်မှာ တောင်ကြီး၊ မန္တလေးတွင် ဈေးငြိမ်နေပြီး ရန်ကုန်၊ မော်လမြိုင်တို့မှာ အောက်တိန်းဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပြင်ပမှာ လက်လီ ရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါဈေးများမှာ ရန်ကုန်မှာ ဓာတ်ဆီဝယ်ဈေး ဈေး ငြိမ်ပြီး ရောင်းဈေး ဈေးကျလာသလို ဒီဇယ်ကလည်း ဝယ်ဈေးငြိမ်နေပေမဲ့ ရောင်း ဈေး ဈေးအနည်းငယ်ကျလာပါတယ်။ ဒီဇယ်၊ ဓာတ်ဆီဈေးများမှာ ပီပါဈေးများ ကျလာပေမဲ့ လက်လီတစ်ဂါလန်ဈေးများမှာ ဈေးငြိမ်နေတယ်လို့ စက်သုံးဆီဝယ် ရောင်းသမားတစ်ဦးထံမှ စုံစမ်းသိရပါတယ်။ မန္တလေးမှာ ပီပါအလိုက် ဒီဇယ် ဝယ် ဈေး၊ ရောင်းဈေး ငြိမ်နေပေမဲ့ ဓာတ်ဆီဝယ်ဈေး၊ ရောင်းဈေးများအနည်းငယ် ဈေး ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ-
 
ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ် ဆီ၊ ဒီဇယ်နဲ့အဆင့်မြင့် ဒီဇယ်ဈေးမှာယခင်တစ်ပတ်ဈေးအတိုင်းပဲရှိနေပေမဲ့ အောက် တိန်းဈေးမှာ အနည်းငယ်မြင့်လာတယ်လို့သိရပါတယ်။ ဓာတ်ဆီ ရောင်းဈေးက တစ်ပီပါ ၂၀၇၀၀၀ ကျပ်ရှိရာမှ ၆ ရက်နေ့မှာ ၂၀၅၀၀၀ ကျပ်ကို ဈေးကျလာခဲ့ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ဒီဇယ်ဈေးကတော့တစ်ဂါလန် ဈေးများ တစ်ပတ်အတွင်းဈေးငြိမ်နေပေမဲ့ ပီပါဈေးများမှာ ဈေးအနည်းငယ်ကျလာ တယ်လို့သိရပါတယ်။တစ်ပီပါကို စက်တင်ဘာလ ၂ ရက်နေ့မှာ ဝယ်ဈေး ၁၉၄၀၀၀ ကျပ်ရှိရာ စက်တင်ဘာ ၆ ရက်နေ့မှာ ၁၉၂၀၀၀ ကျပ်ဖြစ်လာသလို ရောင်းဈေး ကလည်း စက်တင်ဘာ၂ ရက်နေမှာ တစ်ပီပါ ၂၀၆၀၀၀ ကျပ်ရှိရာ စက်တင်ဘာ ၆ ရက်နေ့တွင်  ၂၀၄၀၀၀ ကျပ်ထိဈေးကျလာကြောင်း စက်သုံးဆီ ရောင်းဝယ်ရေး ဈေးကွက်မှ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၁၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၃၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၀၀၀ ကျပ်ဝယ်ပြီး ၄၄၀၀-၄၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ် သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးများ ငြိမ်နေသလို လက်လီဆိုင်များရဲ့ ဒီဇယ်ဈေးမှာ ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ အနည်း ငယ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံး ဆီဆိုင်ရဲ့ ဈေးမှာဓာတ်ဆီ တစ်လီတာ ၉၈၇ ကျပ်၊ ဒီဇယ်တစ်လီတာ ၉၇၆ ကျပ်နဲ့ ရောင်းချ နေပါတယ်။ပြင်ပလက်လီဆိုင်များမှာတော့ ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေး ဈေးငြိမ် နေပေမဲ့ ဓာတ်ဆီဈေးမှာ ဝယ်ဈေး ၊ ရောင်းဈေး ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး ကဓာတ်ဆီတစ်ဂါလန်ဝယ်ဈေး ၄၄၀၀ ကျပ်၊ ရောင်းဈေး ၄၆၀၀ ကျပ်ဖြစ်ပြီး၊ ဒီဇယ်က ဝယ်ဈေး ၄၂၀၀ ကျပ် ၊ ရောင်းဈေး ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက  စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ  ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၄၀၀ ကျပ်နဲ့ရောင်းချပါတယ်။ ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးများမှာ ဓာတ်ဆီ တစ်ဂါ လန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ် ၊အောက်တိန်း ၄၄၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ပဲခူးဈေးကွက်မှာ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်နဲ့ ရောင်းချ တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၃၀၀ ကျပ်၊ ဒီဇယ် ၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။                                                              MIRT-DOT