ကမ္ဘာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်း မငြိမ်မသက် ဖြစ်လျက် ရှိသဖြင့် ဆက်စပ်လျက်ရှိသည့် ပြည် တွင်းရွှေဈေးများမှာလည်း အတက် အကျများဖြင့် ရှိနေခဲ့ကြောင်း သိရ သည်။ ယင်းကဲ့သို့ ရွှေဈေး မငြိမ် သက်မှုများကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးလျက်ရှိ ကြောင်း သိရသည်။"ဒီတစ်ပတ်က တော်တော် ဆိုးတယ်။ ဈေးက တက်လိုက် ကျလိုက် နဲ့ဖြစ်နေတယ်။
မနက်ပိုင်းမှာ တက်လာ ပြီးတော့ ညနေပိုင်းလည်း ကျရော ပြန် ကျသွားတယ်။ အဲဒီလိုအတက်အကျရှိ နေတဲ့အတွက် အရောင်းအဝယ်က သိပ်မဖြစ်ဘူး။ အနိမ့်ဈေးနဲ့ ဝယ်ထားတဲ့ သူတွေက မြတ်တော့ ပြန်ရောင်းကြ တယ်။ ဝယ်တဲ့သူ သိပ်မရှိဘူး။ ပြန် ရောင်းတဲ့သူတွေပဲများတယ်။ စက်တင် ဘာ ၃ရက်နေ့ကဆို မနက်ပိုင်းမှာ ရွှေ ဈေးက ကျပ် ၇၂၅၀၀၀ရှိခဲ့ပေမယ့် ည နေပိုင်းလည်းကျရောဈေးက ၇၁၉၀၀၀ ကျပ် ဖြစ်လာတယ်။ နောက်နေ့လည်း ကျရော ပြန်တက်လာပြန်ရော။ ဝယ် ရောင်း လုပ်တဲ့သူတွေလည်း ဈေး အတက်အကျနဲ့ဆိုတော့ လက်တွန့်ကုန် ကြတယ်။ ခုရက်ပိုင်းမှာ အရောင်းရော အဝယ်ပါ အေးနေတယ်။ အထည်ဝယ် တဲ့ သူတွေကလည်း ဈေးတက်နေတဲ့ အတွက် အဝယ်မရှိဘူး။ ဆီးရီးယား အရေးကြောင့် ကမ္ဘာ့ ရွှေကုန်သည် တွေက ရွှေတွေကို ဝယ်ယူနေကြတဲ့ အတွက် ခုလို ရွှေဈေးတွေ တက်ရတာ ပဲ။ အဲဒီဆီးရီးယားအရေး လှုပ်လှုပ်ခတ် ခတ် ဖြစ်လာပြီဆိုရင်တော့ ရွှေဈေးက ထပ်ပြီးတက်ဦးမှာပဲ"ဟု ရွှေကုန်သည် ဦးမြင့်ဦးက ဆိုသည်။မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် သြဂုတ်လ ၃၁ရက်နေ့က ၇၁၉၈၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး စက်တင်ဘာ ၂ ရက်နေ့ ဈေးဖွင့်ချိန်တွင် ကျပ် ၇၁၉၀၀၀ဖြင့် ဈေးဖွင့်ခဲ့သည်။ သို့သော် ထိုနေ့ညနေပိုင်းတွင် ကျပ် ၇၂၀၅၀၀ ဖြင့် အမြင့်ဈေးဖြင့် ဈေးပိတ်ခဲ့သည်။ ထိုရက် နောက်ပိုင်းစက်တင်ဘာ ၄ရက် နေ့တွင် ဈေးပြန်လည် မြင့်တက်ကာ ကျပ် ၇၂၅၅၀၀ ဖြစ်လာခဲ့ပြီး စက်တင် ဘာ ၅ရက်နေ့တွင် ကျပ် ၇၁၉၅၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။ စက်တင်ဘာ လ ၆ရက်နေ့တွင်မူ ဈေးဆက်လက် ကျ ဆင်းခဲ့ပြီး ကျပ် ၇၁၇၀၀၀ ဖြစ်လာခဲ့ သည်။ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ ၂ရက်နေ့တွင် ၁၃၈၉ ဒေါ်လာရှိခဲ့ရာမှ စက်တင်ဘာ ၄ရက်နေ့တွင် ၁၄၀၇ ဒေါ်လာသို့မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၅ရက်နေ့တွင် ၁၃၈၄ ဒေါ်လာသို့ ပြန်လည်ကျဆင်းခဲ့ပြီးစက်တင်ဘာလ ၆ရက်နေ့တွင် ၁၃၆၉ဒေါ်လာသို့ ထပ်မံ ကျဆင်းခဲ့သည်။