Main menu

Background

နို့ဆီတန်ချိန် ငါးရာ့ငါးဆယ်ကျော်နဲ့ နို့မှုန့်တစ်ဆယ့်ရှစ်တန်သာဝင်

Thu, 09/26/2013 - 14:11 -- ydnar

သီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ်လ ၂၅ရက်မှ ၃၁ရက်နေ့တာကာလအတွင်း နို့ဆီ ၅၅၈ ဒသမ ၆၈ တန်၊ တန်ဖိုး အားဖြင့်ကန်ဒေါ်လာရှစ်သိန်းသုံးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိုကေနို့ဆီက တန်ချိန် လေးရာ့ကိုးဆယ်ကျော်တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်နို့ ဆီအဝင်မှာတန်ချိန်သုံးရာကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်ရာ့ သုံးဆယ်ကျော်အဝင်ပိုခဲ့ပါတယ်။

နို့မှုန့်က ဒီတစ်ပတ်မှာ စင်ကာပူ နိုင်ငံမှ ၁၃ ဒသမ ၇၆၆ တန်၊ ဖိလစ်ပိုင် နိုင်ငံ မှ ၅ ဒသမ ၀၇၈တန် အသီးသီးမှာ ယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်နို့မှုန့်အဝင်ကနှစ်ဆယ့် ငါးတန်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင်လျော့ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လ နို့ဆီအဝင်မှာ တန်ချိန် တစ်ထောင့် လေးရာကျော်ရှိခဲ့ပြီး ဇူလိုင်လနို့ဆီအဝင်မှာတန်ချိန် နှစ်ထောင်ကျော်ရှိခဲ့တာကြောင့်သြဂုတ် လမှာတန်ချိန်ခြောက်ဆယ်ကျော် အဝင် လျော့ခဲ့ပါတယ်။ နို့မှုန့်က သြဂုတ်လမှာ တန်ချိန်တစ်ရာ့ခြောက်ဆယ်ကျော်အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)