Main menu

Background

မုံရွာဒိုင်ဝင်သမျှ နှမ်း ရွှေမန်းဆီသို့

Thu, 09/26/2013 - 14:11 -- ydnar

စက်တင်ဘာလဆန်း မုံရွာကုန် စည်ဒိုင် ပဲနှမ်းဈေးကွက်မှာတော့ ပဲ မျိုးစုံထက်နှမ်းမျိုးစုံက နယ်အဝင် သွက် သလို မန်းအထွက်လည်းများတဲ့အတွက် ရောင်းအားဝယ်အားကောင်းခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ဈေးအားဖြင့် မေ၊ ဇွန် လတွေလောက် မမြင့်ခဲ့ပေမယ့် ပစ္စည်းအရည်အသွေးနဲ့ ပေါက်ဈေး အလိုက် မန်းဝယ်လက်ကြိုက်ခဲ့လို့ အခု လို ဈေးကွက်သွက်ခြင်း ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ယခုတစ်ပတ် နှမ်းမျိုးစုံဈေးကွက်မှာ နှမ်း အများစု ယောနယ်ဘက်ကဝင်လာခဲ့ပြီး၊ မုံရွာ၊ အရာတော်၊ ယင်းမာပင်၊ ပုလဲစတဲ့ ဒေသတွင်းကမိုးဦးနှမ်းတွေ အဝင်လှိုင် လာတယ်လို့ သိရပါတယ်။ ပေါက်ဈေး နဲ့ အရောင်းအဝယ်အားဖြင့် နှမ်းဝါဟာ ယောနယ်ဘက်က အများဆုံးဝင်လာခဲ့ ပြီး၊ ယခုရက်ပတ်အတွင်း တစ်တင်း ၃၂၅၀၀ ကျပ် အမြင့်ဈေးရခဲ့ကာ မန်း လက်အဝယ်ကြောင့် တစ်ရက် အိတ် ၅၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ နှမ်းနီအနေနဲ့ ယောနယ်၊ ပုလဲ နယ်ဘက်က အဝင်များပြီး ယခုရက် ပတ်အတွင်း တစ်တင်း ၃၁၀၀၀ ကျပ် ထိ အမြင့်ဈေးဖြစ်ခဲ့ကာ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။ နှမ်းဖြူကတော့ နယ်စုံက လှိုင် လှိုင် ဝင်လာနေပြီး ဈေးကွက်မှာ တစ် တင်း ၃၆၀၀၀ ကျပ်မှ ၃၇၅၀၀ ကျပ် အတွင်းပေါက်ခဲ့ကာတရုတ်ပြည်အတွက် မန်းလက်အဝယ်ကြောင့်တစ်ရက် အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ် နေ တယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါ တယ်။ မုံရွာဒေသခံ စက်သမားများက တော့ နှမ်းညို၊ နှမ်းဝါ၊ နှမ်းဖြူနဲ့ နှမ်းနီ နထစသမအ အရည်အသွေးမမီတဲ့နှမ်း ရော ရာတွေကို တစ်တင်း ၂၅၀၀၀ ကျပ်မှ ၂၈၀၀၀ ကျပ်အတွင်း ပေါက်ဈေးအသီး သီးနဲ့ ဝယ်ယူကြိတ်ခွဲမှုရှိတယ်လို့ ဈေး ကွက်က ဆိုပါတယ်။ စားသုံးဆီဈေး ကွက် အနေနဲ့ ယခုတစ်ပတ်မှာ ပဲဆီ တစ်ပိဿာ ၃၁၅၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၃၅၀၀ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၁၆၃၀ ကျပ်၊ အသီးသီး အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး၊ နှမ်းဖတ် က တော့တစ်ပိဿာ ၁၀၄၀ ကျပ်နဲ့ အဝယ် သွက်နေတယ်လို့ သိရပါတယ်။ထွန်းလှိုင် - မုံရွာ