Main menu

Background

စားအုန်းဆီဈေး သုံးရက်ဆက်တိုက်ကျ

Thu, 09/26/2013 - 14:12 -- ydnar

ပဲပုပ်သီးနှံပျက်စီးမှုက မျှော်လင့်ထားသလောက်မများကြောင်း၊ အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာနက အစီရင်ခံစာထုတ်ပြန်ပြီးနောက် ဈေးနှုန်းကျမယ်လို့ ယုံကြည်မှုရှိလာတဲ့အတွက် မလေးရှား စားအုန်းဆီဈေးဟာ စက်တင်ဘာ ၅ ရက်နေ့ မှာ တတိယမြောက်နေ့အဖြစ် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု သီးနှံရပ်ဝန်းမှာ ပဲပုပ်အထွက်ကျဆင်းစေမဲ့ ရာသီ ဥတုဆိုးဝါးမှုမှာ ကြောက်စရာ ကောင်းလောက်အောင်မဖြစ်ခဲ့ကြောင်း၊ သြဂုတ်လ ၄ ရက်က ထုတ်ပြန်သော အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ထို့အတူ အမေရိကန် ပြည်ထောင်စုရဲ့ အဓိကစီးပွားရေးကိန်းဂဏန်းများ မထုတ်ပြန်သေးတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတို့က သတိထားပြီး ဆောင်ရွက်နေကြပါတယ်။ စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ ပို့ကုန်ကိန်းဂဏန်းများ မထုတ်ပြန်သေးမီ ကာလဖြစ်လို့ ရင်းနှီးမြှုပ်နှံသူအများစုက ငြိမ်နေကြလို့ အရောင်းအဝယ်မှာ ခပ်ပါးပါး သာရှိပါတယ်။ ဘာဆာမလေးရှားဒိုင်မှာ စက်တင်ဘာလ ၅ ရက်က နိုဝင်ဘာလအတွက် စားအုန်းဆီ အခြေခံဈေးမှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန်ကို ၂၃၈၉ ရင်းဂစ် (၇၂၆ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ကုန်သွယ်မှုမှာ တစ်တန်ကို ၂၃၈၅ ရင်းဂစ်မှ ၂၄၀၄ ရင်းဂစ်ကြားရှိခဲ့ပါတယ်။ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ၂၅ တန်ရှိအတွဲ ၈၃၇၉ တွဲရှိပြီး ပျမ်းမျှ ရောင်းသောအတွဲမှာ ၁၂၅၀၀ တွဲဖြစ်ပါတယ်။ စားအုန်းဆီကြိုပွိုင့်ဈေးမှာ ယခုရက်သတ္တပတ်မှာ ယခုချိန်ထိ သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။  ဟင်းရွက်ဆီဈေးကွက်က အမေရိကန်ပဲပုပ်ဆီရဲ့ ဒီဇင်ဘာလအတွက် ကန်ထရိုက်ဈေးမှာ အာရှဈေးကွက် မနက်ပိုင်း  သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်မှာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ UNT