Main menu

Background

မကွေးဈေးကွက်မှာ ပဲမျိုးစုံအရောင်းအဝယ်ပါးပြီး နှမ်းမျိုးစုံတက်ဈေးနဲ့ အ ရောင်းအဝယ်ဖြစ်

Thu, 09/26/2013 - 14:20 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်အဆွဲပါး သလို မြို့ခံကုန်သည်တွေကလည်း တက်ဈေးမျှော်ပြီး အရောင်းနည်း တာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏလျော့သွားတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေနဲ့ ဒီရက်ပိုင်းမှာ မန္တလေးအဆွဲပုံမှန်ရှိပြီး ရန်ကုန်အဆွဲပါးသွားတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၁၁၃၂ ကျပ်(တစ်တန်ကို ၆၉၃၂၂၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံအနေနဲ့ ဈေးကွက်ထဲသို့အဝင်လှိုင်နေသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေကလည်း ဝယ် အားသွက်ခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းနီတစ်ပိဿာ ၂၁၆၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၇၈၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၇၃၅ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၉၈၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကိုအိတ် ၃၀၀၀ မှ ၄၀၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။