Main menu

Background

မုံရွာဈေးကွက်မှာ ပဲတီစိမ်းဈေးအနည်းငယ်မြင့် ပဲစင်းငုံနီဈေးကျ၊ ကုလားပဲ အုပ်စုဈေးငြိမ်

Thu, 09/26/2013 - 14:24 -- ydnar

မုံရွာဈေးကွက် ဒီတစ်ပတ်မှာပဲစင်းငုံနီကိုအိတ်စပို့ဝယ်လက်မရှိဘဲ မန္တလေးဝယ်လက်တချို့နဲ့ ဒေသခံကုန်သည်အချင်းချင်းသာအ ဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ပဲက ဒီရက်ပိုင်းအဝယ်အေးတယ်။ ဈေးကျတယ်။ ဒါပေမဲ့ ဒေသတွင်းကုန်သည်တချို့သာ အရောင်း အဝယ်ရှိလို့ အောက်ဈေးနဲ့ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၅၀ ကျပ်(တစ် တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါတယ်။ စိမ်းကြီးအနေနဲ့ နယ်အဝင်မရှိဘဲ လှောင် လက်တချို့သာ ထုတ်ရောင်းမှုတွေရှိနေသလို မန္တလေးဝယ်လက်က လည်း ဝယ်အားအထိုက်အလျောက်သာရှိခဲ့တယ်လို့ ဆိုပါတယ်။ စိမ်း ကြီးက မန္တလေးဝယ်လက်ကိုပဲ အားထားနေရတာ ဒီရက်ပိုင်းမှာ ဝယ်အားကပုံမှန်ထက်စာရင် နည်းသွားတယ်။ အရောင်းအဝယ်အနေ နဲ့တစ်ပိဿာ ၁၃၉၅ ကျပ်(တစ်တန်ကို ၈၅၄၂၈၄ ကျပ်)ဈေးနဲ့ တစ် ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားသာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို အိတ်စပို့အဆွဲပါးနေပေ မယ့် မြို့ခံခွဲစက်နဲ့ ကြာဇံစက်တွေကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၁၆ ကျပ်(တစ်တန်ကို ၅၆၀၉၄၉ ကျပ်)၊ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၈၈၄ ကျပ်)(တစ်တန်ကို ၅၄၁၃၅၂ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်းတစ် ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။