Main menu

Background

မူဆယ်မှာ ပြောင်းနဲ့ ဆန်ကြမ်းရော ဆန်ချောပါ အရောင်းအဝယ်ပုံမှန်ဖြစ်

Thu, 09/26/2013 - 14:24 -- ydnar

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်တောင်ကြီးဘက်မှ ပြောင်းသစ် တွေဝင်ရောက်လာသလို လက်ကျန်ပြောင်းတွေလည်း တရုတ်အဆွဲ ပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီရက်ပိုင်းဝင်တာက တောင်ကြီးဘက် ကပြောင်းတွေဖြစ်ပြီး ရှမ်းမြောက်အနေနဲ့ စိုက်တာနောက်ကျခဲ့လို့ အခုမှအဖူးလောက်ပဲ ရှိသေးတယ်လို့ ဒေသခံပြောင်းကုန်သည်တစ် ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၈၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဆန်ကြမ်းမှာဆိုရင် ဧည့် ၂၅ မှတ်နဲ့စာရင် ငစိန်ဆန်ကို တရုတ်အဆွဲပိုခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ငစိန်ဆန် ၅၀ ကီလိုတစ်အိတ်ကို ၁၂၆ ယွမ်မှ ၁၂၉ ယွမ်အထိဈေးရခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဝယ်လိုအားနဲ့ စာရင် ရောင်းလိုအားကများတာကြောင့် ဈေးကွက်သဘောသဘာ၀ အရ ဈေးအနည်းငယ်ကျလာပြီး ၅၀ ကီလိုတစ်အိတ်ကို ၁၂၅ ယွမ်မှ ၁၂၇ ယွမ်ဈေးသာဈေးရှိတော့ကြောင်း သိရပါတယ်။ ဧည့်မထ ၂၅  မှတ်ဆန်အနေနဲ့ ယခင်အပတ်နဲ့စာရင် ဈေးတန့်နေပြီး ၅၀ ကီလိုတစ် အိတ်ကို ၁၂၂ ယွမ်မှ ၁၂၄ ယွမ်ကြား တရုတ်ကပုံမှန်အဝယ်ရှိခဲ့ ကြောင်း သိရပါတယ်။ တရုတ်က တန်းမြင့်ဆန် ၁၀ မှတ်ရတနာတိုး ဆိုရင် ၅၀ ကီလိုတစ်အိတ်ကို ၁၃၃ ယွမ်မှ ၁၃၆ ယွမ်အထိဈေးပေး ကြောင်း ရွှေဘိုစ ၇၄၇ ဆိုရင် ၅၀ ကီလိုတစ်အိတ်ကို ၁၃၅ ယွမ်မှ ၁၃၆ ယွမ်အတွင်း ဈေးပေးအဝယ်ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။