Main menu

Background

တောင်ကြီးဈေးကွက်မှာ မိုးပြောင်းသစ်တွေဝင်ရောက်မှုနဲ့အတူ လက်ကျန် ပြောင်းလည်း အရောင်းအဝယ်ဖြစ်

Thu, 09/26/2013 - 14:27 -- ydnar

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်မိုးပြောင်းသစ်တွေ ဈေး ကွက်ထဲဝင်ရောက်နေပေမယ့် အစိုဓါတ်ရှိသေးတာကြောင့် တစ်ပိဿာ ကို ၄၅၀ ကျပ်ဈေးနဲ့ပဲ ဈေးဖွင့်အရောင်းရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နည်းနေသေးတယ်။ အစိုဓာတ်ကင်းရင် တစ်ပိဿာ ၄၅၀ ကျပ်၊ အစိုဓာတ်ရှိနေသေးရင် တစ်ပိဿာ ၃၀၀ ကျပ် ဈေးနဲ့ ပုံမှန်အဝယ်ရှိခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦး က ဆိုပါတယ်။ လက်ကျန်ပြောင်းကတော့ ရောင်းသူကုန်သည်တွေ ထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်-မန္တလေးဝယ်လက် ကတော့ ပုံမှန်အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ် ပိဿာ ၅၀၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၂၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။