Main menu

Background

အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းဈေးကွက်စဝင်ရောက်ပြီး အရောင်းအဝယ် ဖြစ်မှုများ

Thu, 09/26/2013 - 14:28 -- ydnar

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်သိပ္ပံနှမ်းက ဈေးကွက်သို့စ တင်ဝင်ရောက်ပြီး အဖွင့်ဈေးက တစ်ပိဿာကို ၂၇၁၀ ကျပ်နဲ့ အ ရောင်းရှိခဲ့သလို ရန်ကုန်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူ တည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ဈေးတဖြည်းဖြည်းမြင့်လာပြီး ဈေးကွက်ပိတ်ချိန်မှာတော့ တစ်ပိဿာကို ၂၈၂၅ ကျပ်ဈေးအထိဈေး ကောင်းရပြီး တစ်ရက်ကိုအိတ် ၃၀၀၀ ခန့်ပုံမှန်အရောင်းအဝယ်ရှိခဲ့ ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေနဲ့ ဒီရက်ပိုင်းမှာ မန္တလေး၊ ရန်ကုန်ဝယ်အားပုံမှန်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၁၃၀၀ ကျပ်(တစ်တန်ကို ၇၉၆၁၀၇ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။