Main menu

Background

မန္တလေးဈေးကွက်မှာ ပဲတီစိမ်း၊ မတ်ပဲနဲ့ ငုံနီဈေးကျပြီး ကုလားပဲအုပ်စု ဈေးတန့်

Thu, 09/26/2013 - 14:35 -- ydnar

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးထိပ်စကို တရုတ် ဝယ်လက်ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်း များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပေ မယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၄၄၀ ကျပ်(တစ်တန်ကို ၈၈၁၈၄၁ ကျပ်) ဈေးနဲ့တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြား ဖြစ်ခဲ့ကြောင်း သိရပါတယ်။ စိမ်းကြီးအနေနဲ့ တရုတ်က ထိပ်စကိုသာ အဆွဲများပြီး ပုံမှန်စကိုတော့ ပဲခွဲစက်များက အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။

ပဲစင်းငုံနီ ကိုဒီတစ်ပတ်မှာ အိန္ဒိယအတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် ဝယ်လိုအားပျော့သွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ငုံနီကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိနေတယ်။ လှောင် လက်တွေလည်း ကြိုက်ဈေးမရလို့ အရောင်းမရှိတာကြောင့် ဈေးသာ ရှိပြီး အရောင်းအဝယ် အေးနေတယ်လို့ ပြောရမှာပါ။ မတ်ပဲအနေနဲ့ ဒီရက်ပိုင်းပဲခွဲစက်တွေက ဝယ်လိုအားပုံမှန်ထက်စာရင် နည်းသွားတာ ကြောင့် ဈေးကျလာ ပြီး တစ်ပိဿာကို ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ကျပ်)ဈေးနဲ့တစ်ရက်ကိုအိတ် ၄၀၀ ခန့်သာအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကတော့အိတ်စပို့အဆွဲအေးနေပေမယ့်ဒေသတွင်းခွဲစက်၊ အမှုန့်ကြိတ် စက်များနဲ့ လက်လီပြန်လည်ရောင်းချသူများက ဝယ်အားပုံမှန်ရှိခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ခွဲစက်တွေကတော့ ဝယ်အားပုံမှန်ရှိတယ်။ ဒါပေမယ့် လှောင်လက်ကုန်သည်တွေထံမှာ တော့ ပစ္စည်းလက်ကျန်နည်းသွားပြီလို့ ဈေးကွက်အတွင်းမှ သိရ ပါတယ်။ အရောင်းအဝယ် အနေနဲ့ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၁၇ ကျပ်(တစ်တန်ကို ၅၆၁၅၆၁ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) တစ် ပိဿာ ၈၉၀ ကျပ်(တစ်တန် ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။