Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်ဈေးလျော့အဝယ်ရှိ

Thu, 09/26/2013 - 14:53 -- ydnar

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်ဝယ်လက် က ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးကျနေတာကို အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၇၆၅ ကျပ်(တစ်တန် ကို ၄၆၈၄၇၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲကလှောင်လက်တွေထံမှာ ပစ္စည်းလက်ကျန်ကျန်သေးပေမယ့် ရန်ကုန်အဆွဲပါးတော့ ဈေးကကျ နေတယ်။ ဒါကြောင့် အရောင်းသိပ်မရှိဘူးလို့ ပွဲရုံရပ်ကွက်ကဆိုပါ တယ်။