Main menu

Background

ရေစကြိုဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးနဲ့ စီပီပြောင်းအရောင်းအဝယ် ပုံမှန်ဖြစ်

Thu, 09/26/2013 - 14:55 -- ydnar

ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီးက လှောင် လက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ဒေသတွင်းပဲခွဲစက် နဲ့အမှုန့်ကြိတ်စက်တွေကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ဒါ့အပြင်ဒေသထွက်စီပီပြောင်းကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက် ကျန်နည်းသွားပြီလို့ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့တစ်ရက်ကိုအိတ် ၂၀၀ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။