Main menu

Background

မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကဏန်းမျိုးစုံ တန် ၁၆၀ နီးပါးတင်ပို့

Thu, 09/26/2013 - 15:40 -- ydnar

မြန်မာ - ထိုင်းနယ်စပ်ရှိ မြိတ် နယ်စပ် ကုန်သွယ်ရေးစခန်းက ၂၀၁၃ ခုနှစ်သြဂုတ်လတွင်ကန်ဒေါ်လာ သုည ဒသမ ၆၂၀ သန်းတန်ဖိုးရှိ ကဏန်း ၆၈ တန်နီးပါးကဏန်းပျော့ ၃၈ တန်ကျော်၊ ကဏန်းသေး(အသေ) ၃၆ တန်ကျော်၊ သဲကဏန်း ၁၁ တန်နီးပါး၊ ရွှံ့ကဏန်း ၄ တန်ကျော်၊ ကဏန်းနီ ၁ တန် ကျော်တင်ပို့နိုင်ခဲ့တဲ့အပြင် ကန်ဒေါ်လာ ၇ ဒသမ ၅၉၁ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၅၉၂၉ တန်ကျော်၊ ရေငန်ပုဇွန် ၂၂၆ တန်ကျော်၊ ငါးမှုန့် ၉၅၂ တန်ကျော်၊ ကင်းမွန် ၅၁ တန်ကျော်၊ ငါးကြိတ်သား ၂၅ တန်ကျော်နဲ့ ပင်လယ်စာများရော အနည်းငယ် တင်ပို့နိုင်ခဲ့ပါတယ်။

မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်း က ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ကန် ဒေါ်လာ ၁ ဒသမ ၉၅၆ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၂၈၂ တန်နီးပါး၊ ရေငန်ပုဇွန် ၈၆ တန်ကျော်၊ ငါးမှုန့်တန် ၃၀၀ ၊ ရွှံ့ ကဏန်း ၁ တန်၊ ကဏန်း ၈ တန် ကျော်၊ ကဏန်းပျော့ ၂၆ တန်ကျော် တင်ပို့ နိုင်ခဲ့တဲ့အတွက်  ယခင် အပတ် ကတင်ပို့ခဲ့သောကဏန်းသေး (အသေ)၊ သဲကဏန်း၊ ကင်းမွန်တို့ကို ယခုအပတ် တွင် တင်ပို့နိုင်ခြင်း မရှိခဲ့သော်လည်း ယခင်အပတ်ထက် ၂၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းကလည်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့ ထိ ကန်ဒေါ်လာ သုည ဒသမ ၃၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၂၃၆ တန်ကျော်၊ ကဏန်း ၅ တန်ကျော်၊ ပုဇွန် ၁ တန် ကျော်၊ ငါးရှဉ့် ၁ တန်ကျော်၊ ကင်းမွန် ၁၀ တန်နှင့် ငါးဆားနယ် ၁ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်နဲ့ နှိုင်းယှဉ်ပါက ၂၄ တန်ကျော် လျော့ နည်း တင်ပို့ခဲ့ပါတယ်။ ယခုအခါမှာ ရာသီဥတုသာယာလာပြီဖြစ်၍ ငါးဖမ်း ရေယာဉ်များလည်း ပုံမှန်ထွက်နိုင်ပြီလို့ သတင်းရရှိပါတယ်။ခင်မြနွယ်MIRT (DCCA)