Main menu

Background

ပြည်တွင်းသို့ အိန္ဒိယဂျုံမှုန့်များ ဝင်ရောက်မှုများပြားလာ

Thu, 09/26/2013 - 15:48 -- ydnar

မြန်မာ-အိန္ဒိယနယ်စပ်မှ စက်တင်ဘာလဆန်းပထမပတ်မှာ ဂျုံမှုန့် ၃၆ တန် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်းခန့် တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှ တစ်ဆင့်ပြည်တွင်းသို့တင်သွင်းမှုရှိတယ်လို့ စာရင်းများအရသိရပါတယ်။ ဂျုံစေ့ကတော့ တန် ၅၀ ကျော်၊ ကန်ဒေါ်လာ သုညဒသမ ၀၁၂ သန်းခန့် တင်သွင်းမှု ရှိခဲ့ပါတယ်

။ ပြီးခဲ့တဲ့သြဂုတ်လ နောက်ဆုံးပါတ်ထက်ဂျုံမှုန့်တင်သွင်းမှုပိုမိုခဲ့ပြီး ဂျုံစေ့ ကတော့ ထက်ဝက်ကျော် ကျဆင်းသွားပါတယ်။ ယခုကဲ့သို့ဂျုံမှုန့်များတင်သွင်းမှု များပြားလာရခြင်းမှာ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ဒေသနေပြည်သူများဟာ စားသုံးမှုပိုလျှံတဲ့အတွက် ထုတ်ရောင်းကြခြင်းကြောင့် မြန်မာနိုင်ငံသို့ တင်သွင်းမှု များပြားလာတာလို့ ဒေသနေ ပြည်သူတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။ ပြီး ခဲ့တဲ့သြဂုတ်လ တစ်လလုံးမှာ ဂျုံစေ့ဟာ အိန္ဒိယမှတမူးနယ်စပ်ကုန်သွယ်ရေးစခန်းကို အများဆုံးတင်သွင်းတဲ့ သွင်းကုန်ပစ္စည်းတွေထဲမှာ တတိယအများဆုံးနေရာမှာ ရပ်တည်နေပြီး ဂျုံမှုန့်ကတော့ ပဉ္စမနေရာမှာရှိတယ်လို့ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှသိရပါတယ်။                       ခင်မိုးသူMIRT ( DCCA )