Main menu

Background

ဗီယက်နမ်ကော်ဖီတင်ပို့သူများ တရုတ်ဈေးကွက်ကို မျက်စိကျ

Thu, 09/26/2013 - 15:49 -- ydnar

တရုတ်နိုင်ငံဟာ ဗီယက်နမ်ကော်ဖီတင်ပို့သူများရဲ့ပစ်မှတ်ထားရာ ဈေးကွက် ဖြစ်လာနေပြီး ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်မျိုးဆက်သစ်လူငယ်များဟာ လက်ဖက်ရည်အစား ကော်ဖီသောက်တဲ့ အကျင့်အသစ်ကို ကျင့်နေကြတဲ့အတွက် လို့ သိရပါတယ်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော်ရှိတဲ့ ဈေးကွက်ကို ထိုး ဖောက်ရန် နန်နင်း မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ အာဆီယံတရုတ်ကုန်စည်ပြပွဲ (2013 ASEAN China Expo-CAEXPO 2013) မှာ ဗီယက်နမ် ကော်ဖီ ထုတ်လုပ်သူ အစုအဖွဲ့ဟာ အများ ဆုံးသွားရောက်ပြီး ၎င်းတို့ရဲ့ထုတ်ကုန်များကို ကြော်ငြာခဲ့ပါ တယ်။

Trung Nguyen Coffee  ဖြန့်ဖြူးရေး တာဝန်ယူထားတဲ့ သူကတော့ တရုတ်ဈေးကွက်မှာ ကော်ဖီကို စွဲမက်နှစ်ခြိုက်စွာ သောက်သုံးသူများ များပြားလာပြီး ကော်ဖီတင်သွင်းမှုပမာဏဟာ ၄၀ မှ၅၀ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ တရုတ်ပြည်မှာ တစ်နှစ် ခန့်နေခြင်းအားဖြင့် ဈေးကွက်အတွက် ကောင်းမွန်တဲ့ အလားအလာများကို သိခွင့်ရလာတယ်လို့ Trung Nguyen Coffee  မှဖြန့်ဖြူးရေးတာဝန်ခံက ပြောပါတယ်။ Vinacafe Bien Hoa  ဖက်စပ်ကော်ဖီကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Nguyen Tan ky က တရုတ် လူမျိုးများ ကော်ဖီစသောက်လာပြီဆိုပေမဲ့ ၎င်းတို့ ဒေသခံများ နှစ်ခြိုက်မဲ့အရသာ၊ ထုပ်ပိုးမှု၊ အရည် အသွေးနဲ့ မည်ကဲ့သို့ဖျော်ပါဆိုတဲ့ ညွှန်ကြားချက်များပါရှိတဲ့ ကော်ဖီများဖြစ်ဖို့လိုတယ်လို့ အကြံပေးကြပါတယ်။ ဗီယက်နမ်စက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုတိုးမြှင့်ရေးဌာနမှ ဒါရိုက်တာ Do Thang Hai က CAEXPO 2013  မှာကော်ဖီကိုအဓိက ကုန် သွယ်မှုပစ္စည်းအဖြစ် ကုန်သွယ်မှု တိုးမြှင့်ခဲ့တယ်လို့ ပြောပါတယ်။ မကြာတော့မဲ့ကာလမှာ ကုန်သွယ်မှုတိုးမြှင့်ရေးဌာနရဲ့အကူအညီနဲ့ ဗီယက်နမ် ကော်ဖီထုတ်လုပ်သူ ၁၀၀ ကျော်အား အလားအလာရှိတဲ့ဒေသခံကုန်ဖြန့်ဖြူးသူနဲ့ တွေ့ဆုံစေပြီးဈေးကွက်များမှ ကုန်အမှာစာများ အောင်မြင်စွာရရှိနိုင်စေရေး၊ ဈေး ကွက်ကိုအောင်မြင်မှုအလားအလာများစွာရှိတဲ့ ကျား/မ လူငယ်လေးများ ဈေးကွက် သို့ထိုးဖောက်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်တိုက်တွန်းပြောကြားခဲ့တယ်လို့ VOV အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။                                             CMK