ဟနွိုင် အာဆီယံနိုင်ငံတွေထဲမှာ ဂျပန် နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင် ရာမှာဗီယက်နမ်ကလောလောဆယ် မှာ ထိုင်းနိုင်ငံပြီးလျှင် ဒုတိယ နေရာ လိုက်နေကြောင်း၊ နိုင်ငံတွင်း လုပ်ငန်း ဆောင်ရွက်နေတဲ့ လုပ်ငန်း ၁၂၀၀ ကျော် ရှိကာ ကား တပ်ဆင်ရေး၊ အထောက်အကူပြုလုပ်ငန်း၊အီလက် ထရွန်းနစ်နဲ့ ကျန်းမာရေး စောင့် ရှောက်မှုတို့ကို ဦးစားပေးကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက စက် တင်ဘာ ၁၃ ရက်က ပြောပါတယ်။
စင်ကာပူ စင်ကာပူနိုင်ငံကို အရည်အသွေး ဖွံ့ဖြိုးမှုရှိတဲ့ နိုင်ငံတစ်ခု ဖြစ်လာ အောင် စီးပွားရေး ပြန်လည်ဖွဲ့စည်း တည်ဆောက်မှုတွေကို ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းနဲ့ စင်ကာပူရဲ့ အလုပ်လက်မဲ့နှုန်းက ဇွန် မှာ ၂ ဒသမ ၁ ရာခိုင်နှုန်းအောက် ရောက် ရှိနေဆဲ ဖြစ်ကြောင်း လူအင်အား ဝန်ကြီးဌာနယာယီဝန်ကြီးတန်ချွမ်ဂျင်း က စက်တင်ဘာ ၁၃ ရက်က ပြောပါ တယ်။တိုကျို ဂျပန်နိုင်ငံရဲ့ စက်မှုကုန်ထုတ် လုပ်မှုက ဇူလိုင်မှာ ၃ ဒသမ ၄ ရာ ခိုင်နှုန်း တိုးတက်ခဲ့ကြောင်းနဲ့ ဒီလို အခြေအနေ ကြောင့် စက်ရုံများမှ ထုတ်လုပ်မှုတွေရဲ့ နာလန်ထူမှု ဆက် လက်ဖြစ်ပွားနေတာကို ပြသနေ ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြ ပါတယ်။မွန်ဘိုင်း အိန္ဒိယနိုင်ငံရဲ့ ဇူလိုင်စက်မှုကုန် ထုတ်လုပ်မှု အညွှန်းကိန်း(IIP) က၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပေမယ့် ဇွန်နဲ့ နှိုင်းယှဉ်ရင် ဇူလိုင်မှာ ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အစိုးရက စက် တင်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့အစိုးရရဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရ ကြောင်း ရှင်ဝှာသတင်းဌာနက ဖော် ပြပါတယ်။ သုံးလအတွင်းမှာ ဒီအ ညွှန်းကိန်းက ပထမဆုံးအကြိမ်အဖြစ် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ဆိုးလ် ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဝမ်ငွေ တန်ဖိုးမြင့်တက်ခဲ့ပေမဲ့ ရေနံဈေးနှုန်း တွေမြင့်တက်ခဲ့တဲ့အတွက် ယခင် လကတောင်ကိုရီးယား သွင်းကုန် တန်ဖိုးတွေက ဇူလိုင်မှာ သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ သြဂုတ် မှာ သုည ဒသမ ၇ ရာခိုင်နှုန်းမြင့် တက်ခဲ့တာကို အစိုးရက စက်တင် ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့ စာရင်း ဇယားများအရသိရကြောင်း ရှင်ဝှာ သတင်းဌာနက ပြောပါတယ်။