Main menu

Background

ဒုတိယသုံးလပတ်မှာ ဂျပန်စီးပွားရေး ခန့်မှန်းထားတာထက် ပိုမို တိုးတက်

Mon, 09/30/2013 - 11:46 -- ydnar

ဂျပန်နိုင်ငံရဲ့ ဧပြီ-ဇွန်သုံးလပတ် စီးပွားရေးက ကနဦးခန့်မှန်းထားတာ ထက် တိုးတက်ခဲ့ပြီး နှစ်ပေါင်းများစွာ ကျဆင်းခဲ့တဲ့စီးပွားရေးအခြေအနေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နေတဲ့ ဂျပန်နိုင်ငံရဲ့ ဆောင်ရွက်မှုတွေ ကို အောင်မြင်လာတာကို တွေ့ရ ကြောင်း စက်တင်ဘာ ၉ ရက်က ထုတ် ပြန်တဲ့ ပြင်ဆင်ပြီးကိန်းဂဏန်းတွေအရ သိရတယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။

ဒုတိယသုံးလပတ်တိုးတက်မှုက ပထမသုံးလပတ်တိုးတက်မှုနဲ့နှိုင်းစာရင် သုည ဒသမ ၉ ရာခိုင်နှုန်းပိုမိုကြောင်း ဖော်ပြထားတဲ့အတွက် ကနဦးခန့်မှန်း ထားတဲ့ သုည ဒသမ ၆ ရာခိုင်နှုန်းထက် ပိုမိုလာတာဖြစ်ပါတယ်။ တစ်နှစ်လုံးရဲ့ တိုးတက်မှုက ၃ ဒသမ ၈ ရာခိုင်နှုန်းရှိ တဲ့အတွက် ပထမခန့်မှန်းထားတဲ့ ၂ ဒသမ ၆ ရာခိုင်နှုန်းထက် ပိုမိုခဲ့ပါတယ်။ ကမ္ဘာမှာစီးပွားရေးအရ တတိယ နေရာမှာရှိနေတဲ့ ဂျပန်စီးပွားရေးနာလန် ထူမှုကို လမ်းချော်သွားမှာကို စိုးရိမ်မှု ဖြစ်စေတဲ့ ရောင်းခွန်မြှင့်တင်ကောက်ခံ တာကို ဆက်လက်ဆောင်ရွက်ဖို့ သင့် မသင့် စဉ်းစားနေတဲ့အချိန်မှာ ဂျပန် နိုင်ငံရဲ့ စီးပွားရေးတက်ရိပ်ပြလာတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးနာလန်ထူ မှုခိုင်မာစွာ ရပ်တည်လာနိုင်ခဲ့ပြီဖြစ် ကြောင်းနဲ့ ကာလရှည်ကြာစွာ ကျဆင်း နေတဲ့ စီးပွားရေးက တိုးတက်မှုရှိလာပြီ ဖြစ်ကြောင်း လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဂျပန်ဗဟိုဘဏ်က သုံးသပ်ခဲ့ပါတယ်။