Main menu

Background

ကင်မ်ချီအတွက် မြန်မာ့ဂျူးမြစ်များ ကိုရီးယားကိုသွားကြပြီ

Mon, 09/30/2013 - 11:52 -- ydnar

မြန်မာပရိသတ်အကြိုက်ကိုရီးယား ရုပ်ရှင်ဇာတ်လမ်းများမှ တစ်ဆင့် မြန်မာပရိသတ်နဲ့ ရင်းနှီးနေကြတာ ကတော့  ကိုရီးယားမင်းသား၊ မင်းသမီး များသာမက ကင်မ်ချီ၊ ပဲခေါက်ဆွဲ၊ ဆိုဂျူးစ်၊ တော့ဖူကီတွေပဲ ကျွမ်းဝင် နေကြပြီ ဖြစ်ပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစပြီး မြန်မာ့ဂျူးမြစ် (Allium Hookeri )များကို ကင်မ်ချီပြုလုပ်ရာမှာ အသုံးပြု ဖို့အတွက် ကိုရီးယားနိုင်ငံသို့ တင်ပို့နေ ကြရပြီလို့ သတင်းရရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကလည်း ကိုရီးယားမှာ ရာသီဥတုအေးလွန်းတဲ့အတွက်ကင်မ်ချီ ကုန်ကြမ်းဂေါ်ဖီခင်းများပျက်စီးကုန်တဲ့ အတွက်ကိုရီးယားအိမ်ရှင်မများဂေါ်ဖီ အတွက် ရတက်မအေး အခက်ပွေခဲ့ရ တာကြောင့် မြန်မာ့ ဂေါ်ဖီထုပ်များ ကိုရီးယားကို ရောက်သွားခဲ့ကြရပါ တယ်။ ယခုလည်း ကင်မ်ချီမှာ အသုံးပြု ရန်အတွက် ဂျူးမြစ် ၄၄ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာသုည ဒသမ ၀၇၁ သန်းဖိုး နဲ့ ယူရို သုည ဒသမ ၀၂၁ သန်းကို စက်တင်ဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦး စီးဌာနမှ ပို့ကုန် လိုင်စင်လာရောက် လျှောက်ထားတယ်လို့ သိရှိရပါတယ်။ မိမိမြန်မာကုမ္ပဏီ ၅ ခုက ကိုရီးယား နိုင်ငံ ဘူဆန်နဲ့ အင်ချွန်တို့ရှိ ကုမ္ပဏီ များသို့ရေကြောင်း၊ လေကြောင်းများမှ တင်ပို့ရန် စီစဉ်ထား တယ်လို့သိရပါ တယ်။ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်း မန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ် လုပ်တင်ပို့ ရောင်းချသူများအသင်းရဲ့ ဈေးနှုန်း ထောက်ခံချက်အရ ဂျူးမြစ် တစ်ကီလိုဂရမ်ကို သုည ဒသမ ၅၀ ဒေါ်လာ၊ ၂ ဒသမ ၁ ယူရိုနဲ့ ၂ ဒသမ ၈ ဒေါ်လာဈေးအသီးသီး ရရှိခဲ့ကြ ပါ တယ်။ စတင်လျှောက်ထားတဲ့ စက်တင် ဘာလ ၃ ရက်မှာ တစ်ကီလို ဂရမ် ကိုသုညဒသမ၅၀ဒေါ်လာဈေးနဲ့လျှောက် ထားခဲ့ပြီး နောက်ပိုင်းစက်တင် ဘာလ ၁၁ ရက်နေ့ လိုင်စင်လျှောက်ထားရာ မှာတော့တစ်ကီလိုဂရမ်ကို ၂ ဒသမ ၈ ဒေါ်လာဈေးနဲ့ လျှောက်ထားလာတာ တွေ့ရပါတယ်။ မြန်မာ့စိုက်ပျိုးရေးဦးစီး ဌာန၊ အပင်ပိုးမွှားဌာနရဲ့ Phytosan-itary Certificate များ လည်း ရရှိထား ပြီးဖြစ်တယ်လို့သိရပါတယ်။   ဂန္ဓမာ