Main menu

Background

မြန်မာ့ခေါက်ဆွဲခြောက်လုပ်ငန်းတိုးချဲ့လုပ်ဆောင်

Mon, 09/30/2013 - 11:55 -- ydnar

မြန်မာနိုင်ငံမှာ ထုတ်လုပ်လျက်ရှိ တဲ့ ယမ်ယမ်အမှတ်တံဆိပ် ခေါက်ဆွဲ ခြောက်ထုတ်လုပ်သောရသာချိုလုပ်ငန်း လီမိတက်သည်ပြည်တွင်းမှအခြားလုပ် ငန်းများနဲ့လည်းယှဉ်ပြိုင်လုပ်ဆောင်ရန် အရှိန်မြှင့်တင်ဆောင်ရွက်နေတယ်လို့ ရသာချိုလုပ်ငန်းလီမိတက်မှ ဦးဝေဖြိုး ကပြောကြားခဲ့တယ်လို့ သိရပါတယ်။

လိုအပ်ချက်မြင့်တက်လာတာကြောင့် ဒေသတွင်းနဲ့မြန်မာနိုင်ငံအတွင်းမှာပင် ဈေးကွက်တိုးချဲ့ရန်အတွက် အစီအစဉ် များရေးဆွဲချမှတ်နေပြီလို့လည်းပြောကြား ပါတယ်။ နိုင်ငံရဲ့ပြင်ပမှာနေထိုင်ကြတဲ့ နိုင်ငံ သားဦးရေ ၄-၅ သန်းရှိပြီးပြည်တွင်း မှာလည်း လူဦးရေရဲ့၁၀ ရာခိုင်နှုန်း ခန့်ဟာယမ်ယမ်ခေါက်ဆွဲခြောက်ကိုစား သုံးနေကြပါတယ်။နေ့စဉ်ယမ်ယမ်ခေါက်ဆွဲ ခြောက်အထုတ်ရေ၉၀၀၀၀၀ ထုတ်လုပ် နေပြီးနှစ်စဉ်တိုးတက်ထုတ်လုပ်နေရပါ တယ်။ ဈေးကွက်အတွင်းမှာ ယှဉ်ပြိုင်မှု တွေတိုးရင်ဆိုင်နေရပြီး ပြည်တွင်း ကုမ္ပဏီအချို့ဟာ ပြည်ပကုမ္ပဏီများနဲ့ ဖက်စပ်လုပ်ကိုင်ရန်လည်း ရှာဖွေနေကြ တယ်လို့သိရပါတယ်။ ၁၉၉၇ ခုနှစ်က စတင်လုပ်ကိုင်တာဖြစ်တဲ့အတွက်ရသာ ချိုကုမ္ပဏီအနေနဲ့ဈေးကွက်သဘောကို သေသေချာချာ နားလည်ကြောင်း သိရ ပါတယ်။ Thai President Foods Plc(TF) ဟာမာမားအမှတ်တံဆိပ်ခေါက် ဆွဲခြောက်ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါ တယ်။ မြန်မာနိုင်ငံမန္တလေးမှာဒုတိယ မြောက်ခေါက်ဆွဲခြောက်စက်ရုံကိုဘတ် သန်း ၁၀၀အကုန်ခံပြီးလာမဲ့နှစ်ကုန်ပိုင်း မှာ တည်ဆောက်မယ်လို့ကြေညာခဲ့ပါ တယ်။ ပြည်တွင်းထုတ် ခေါက်ဆွဲခြောက် နှစ်မျိုးအပါအဝင်ဈေးကွက်ထဲမှာခေါက် ဆွဲခြောက် ၁၀ မျိုးမှ ၁၂ မျိုးခန့် ပြည်တွင်းဈေးကွက်မှာတွေ့ရှိနေရပါ တယ်။ ရသာချိုကုမ္ပဏီမှထုတ်လုပ်တဲ့ ယမ်ယမ်အမှတ်တံဆိပ်ခေါက်ဆွဲခြောက် များဟာ ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်း ရရှိနေပြီးမာမားအမှတ်တံဆိပ်ခေါက်ဆွဲ ခြောက်ကတော့ ၃၅ ရာခိုင်နှုန်းရှိနေပြီး အခြားဆံဆိပ်များကတော့ ၅ ရာခိုင် နှုန်းဝန်းကျင်ဈေးကွက်အတွင်းမှာရောင်း ချမှု ရှိနေပါတယ်။ ၂၀၁၅ခုနှစ်နှောင်းပိုင်းမှာ စတင်အ ကောင်အထည်ဖော်မဲ့အာဆီယံစီးပွားရေး အသိုက်အဝန်း( AEC)ကျင့်သုံးတဲ့ အခါ မှာ အခက်အခဲများစွာ ကြုံတွေ့ရမှာ မဟုတ်ကြောင်း၊ ယှဉ်ပြိုင်ဘက်များကို ယှဉ်ပြိုင်နိုင်ရန် ပြန်လည်မွမ်းမံနေပြီလို့ သိရပါတယ်။ ပြန်လည်ပြုပြင်ခြင်း အားဖြင့်အခြားခေါက်ဆွဲခြောက်များနဲ့ ဆန်ပြားကွဲပြားအောင်လုပ်ဆောင် ထားကြောင်း၊ ခေါက်ဆွဲဖတ်ရဲ့အရသာ၊ အရောင်၊ အမြင်ပသာဓနဲ့ ခေါက်ဆွဲ သား(နူးညံ့မှု) စသည်တို့ကိုပြုပြင်ထား ကြောင်း၊ ဈေးနှုန်းကိုအခြေမခံဘဲ  စားသုံးသူများရဲ့ဆန္ဒကိုလေ့လာပြီးပြုပြင် ထားတယ်လို့သိရပါတယ်။ ရသာချို လုပ်ငန်း အနေနဲ့ကြက်သားဟင်း အပါ အဝင်အရသာသစ်နဲ့ ခေါက်ဆွဲခြောက် များကို စတင်ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ ဒေသတွင်းဈေးကွက်များ တိုးချဲ့ရန် ဆောင်ရွက်နေပြီလို့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။CMK