ဆော်ဒီအာရေဗျနိုင်ငံသည် ၂၀၁၃-၂၀၁၄ ဈေးကွက်နှစ်တွင် ဆန်တန်ချိန်ပေါင်း ၁ ဒသမ ၃ သန်းခန့်တင်သွင်းရမည်ဟု FAO ဟုခန့်မှန်း
ဆော်ဒီအာရေဗျနိုင်ငံရဲ့ ၂၀၁၃-၂၀၁၄ (ဇူလိုင်-ဇွန်) ဈေးကွက်နှစ် ကာလအတွင်း ဆန်တင်သွင်းဖို့ လိုအပ် ချက်က တန်ချိန်ပေါင်း ၁ ဒသမ ၃ သန်းအထိရှိလိမ့်မှာဖြစ်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) မှပြောကြားတယ်။
ဆော်ဒီအာရေဗျနိုင်ငံက ဆန်ကို အဓိကအစာအဖြစ် စားသုံးကြပြီး ဆန်စားသုံးမှုကလည်း တိုးတက်ကြီး ထွားလာလျက်ရှိတယ်။
ဒါပေမဲ့ ဆော်ဒီ အာရေဗျနိုင်ငံက ဆန်စပါးစိုက်ပျိုးဖို့ သင့်တော်တဲ့ မြေနေရာရှားပါးခြင်းနဲ့ အခြားသော အကြောင်းများတို့ကြောင့် ပြည်တွင်းစားသုံးမှုအားလုံးကို ပြည်ပမှ တင်သွင်းနေရတယ်။ ယခုအခါမှာ ဆော်ဒီအာရေဗျနိုင်ငံမှာ ဆန်စပါးနဲ့ အခြားသီးနှံများစိုက်ပျိုးရေးဆိုင်ရာကဏ္ဍ များမှာ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုး တိုးတက်လာနေပြီဖြစ်တယ်။ ဒါ့ကြောင် ၂၀၁၃-၁၄ (ဇူလိုင်ဇွန်) ဈေးကွက်နှစ် အတွင်း ဆန်အပါအဝင် အခြားနှံစား သီးနှံများကိုပါ တင်သွင်းဖို့ လိုအပ်ချက် ကယခင်နှစ်ထက်၅ရာခိုင်နှုန်းလျော့နည်း ပြီး တန်ချိန်ပေါင်း ၁၄ ဒသမ ၃ သန်းရှိ မယ်လိ့ု (FAO) မှ ခန့်မှန်းထားတယ်။
ဆော်ဒီအာရေဗျနိုင်ငံရဲ့ ပြည်ပ မှဆန်တင်သွင်းမှုကိုကြည့်ပါက အိန္ဒိယ နိုင်ငံမှ ဘာစမာတီဆန်များကို တင်ပို့မှု စုစုပေါင်း ၇၀-၈၀ ရာခိုင်နှုန်းခန့်အထိ တင်သွင်းခဲ့တာကို တွေ့ရတယ်။ ထိုင်း၊ ပါကစ္စတန်နဲ့ အမေရိကန်နိုင်ငံတို့က လည်း ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့ ခဲ့ကြရတယ်။
စန္ဒာပျို
ှSource:oryza.com
