Main menu

Background

စက်တင်ဘာလလယ် ပြည်ပဲဈေးကွက်မှာ ပဲကြီးနဲ့ စားတော်ပဲသာ ဈေးဆက်မြင့်ခဲ့ပြီး၊ အခြားပဲများ ဈေးအေး၊ အရောင်းအဝယ်အေးနေ

Mon, 09/30/2013 - 12:52 -- ydnar

စက်တင်ဘာလလယ် ပြည်ပဲဈေး ကွက်မှာ ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ဒေသတွင်းသာအရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ မတ်ပဲသီးနှံမှာလည်း ရန်ကုန် ဝယ်လက်နေ့စဉ် အဝယ်ရှိသော်လည်း ပဲ ထုတ်ရောင်းချသူ နည်းခဲ့သလို ပဲ ဝင်ရောက်မှုမှာလည်းပါးလာတာကြောင့် အရောင်းအဝယ်အေးခဲ့တယ်လို့ သိရပါ တယ်။ မတ်ပဲဈေးနှုန်းမှာ တစ်တင်း ၁၅၆၀၀ ကျပ်နဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့်၊ လက်ကျန်ပဲများရှိခဲ့ သော်လည်း ရောင်းချမှု နည်းနေခဲ့ပါ တယ်။

ဒါကြောင့် အိတ် ၂၀၀ မှ ၃၀၀ အတွင်းသာဖြစ်ခဲ့ပါတယ်။ ယခုနှစ် မတ်ပဲဈေးမှာ ယခင်နှစ်က မတ်ပဲဈေး ထက် ယခုလအတွင်း ဈေးလျော့ခဲ့ပါ တယ်။ ပဲစင်းငုံ သီးနှံမှာလည်း ယခင် အပတ်ကဈေးထက် ထပ်မံဈေးလျော့ခဲ့ ပြီး၊တစ်တင်း ၁၆၉၀၀ကျပ်နဲ့သာရန်ကုန် ဝယ်လက် တစ်ခါတစ်ရံ ဝယ်ယူခဲ့တာ ကြောင့် အိတ် ၄၀၀ ကျော်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပဲစင်းငုံ ဈေးနှုန်း မှာ  ယခုနှစ်မှာ ဈေးသိပ်မမြင့်ပေမယ့် ယခင်နှစ်ကဈေးထက်တော့ ဈေးပိုနေ ခဲ့ပါတယ်။ ယခင်နှစ်က ကာလတူဈေး မှာ တစ်တင်း ၁၃၅၀၀ ကျပ်နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါ တယ်။ ကုလားပဲဈေးနှုန်းကတော့ ယခု တစ်ပတ်မှာ တစ်တင်း ၅၀၀ ကျပ်ခန့် ထပ်မံဈေးလျော့ခဲ့တာကြောင့် တစ်တင်း ဈေးနှုန်း ၁၇၆၀၀ ကျပ်နဲ့ ဒေသတွင်း ခွဲစက်သမားသာ နေ့စဉ်ဝယ်ယူခဲ့ ကြပါ တယ်။ ဝင်ရောက်မှုအနေနဲ့ ဒေသတွင်း ပန်းတောင်းမြို့နယ်ဘက်မှ ဝင်ရောက် ခဲ့သလို ဧရာဝတီတိုင်း ဒေသကြီး၊ ငါး သိုင်းချောင်းဘက်မှလည်းတစ်ခါတစ်ရံဝင် ရောက်ခဲ့ကြပါတယ်။အရောင်းအဝယ် ဖြစ်မှု ပမာဏမှာ တစ်ရက်အိတ် ၁၅၀ မှ ၂၀၀ ကျော်အတွင်း အရောင်းအဝယ် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ပဲကြီး သီးနှံမှာ ပဲအဝင် မရှိ သလောက်ဖြစ်ခဲ့ပြီး လက်ကျန်ပဲများ ရောင်းချခဲ့တာကြောင့် တစ်ရက်အိတ် ၂၀၀ တစ်ပတ်လည် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ တိုင်းတွင်းသာ အရောင်း အဝယ်ဖြစ်ခဲ့ကြပြီး၊ ပဲကြော်ဖို လုပ်ငန်း များ ပုံမှန်ဝယ်ယူမှုရှိခဲ့သလို ရထားလမ်း တစ်လျှောက်မြို့နယ်များမှလည်း ဝယ် ယူခဲ့ကြတယ်လို့ သိရပါတယ်။ ပဲကြီး ဈေးနှုန်းမှာ ယခင်တစ်ပတ်ထက် ဈေးပို လာခဲ့တဲ့အတွက် (ရွှေကျွန်း)တစ်တင်း  ၃၈၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၃၇၀၀၀ ကျပ်နဲ့ နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဘိုကိတ်ပဲမှာ လက်ကျန်ပဲများကို လက်လီသမားများ ဝယ်ယူမှုရှိခဲ့ပြီး၊ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်ခဲ့သလို စားတော်ပဲ သီးနှံကတော့ ဈေးဆက်ပိုလာခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၃၆၅၀၀ ကျပ်နဲ့ ပဲကြီးသီးနှံနဲ့ အပြိုင်ဈေးကောင်း နေခဲ့ပါတယ်။ခင်ဆွေဝင်း - ပြည်