မူဆယ်ဈေးကွက်မှာ တစ်ပတ်ကို ပဲတီစိမ်း တန် ၂၀၀၀ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဈေးနှုန်းက တစ်တန် ယွမ် ၅၈၀၀ မှ - ၆၅၀၀ ယွမ်အတွင်း ပစ္စည်းကောင်းရင် ကောင်းသလို ဈေး ပေးဝယ်လျက်ရှိပါတယ်။ ငွေလဲနှုန်းက လည်း တစ်ယွမ်ကို ၁၅၉ ကျပ်နဲ့ ယွမ် ဈေးမာနေတယ်လို့ ဆိုပါတယ်။ ပဲ ကုန်သည်တို့ကလည်း မိမိတို့ ပဲကို မူဆယ် တိုက်ရိုက် ၁၂ ဘီးကားနဲ့ ပိ့ုနေ ကြပါပြီ။
ကုန်သယ်ယူခက မန္တလေး-မူဆယ်ကို ပို့မယ်ဆိုရင် တစ်ပိဿာ ၃၅ ကျပ် ဝန်းကျင်ဖြစ်ပါတယ်။ ပဲတီစိမ်း ဟာ ပင်လယ်ရေကြောင်းက တင်ပို့ သလို နယ်စပ်ကလည်း တင်ပို့ နေတာ ကြောင့် တင်ပိ့ုနေတဲ့ နိုင်ငံတွေရဲ့ အခွန် နှုန်းထားကမိမိတို့ပဲကုန်သည် တောင်သူ တွေကို ထိခိုက်မှု မများဘူးလို့ သိရပါ တယ်။ မူဆယ်ကို ပို့နေတဲ့ ပြောင်းက တော့ နှစ်စဉ် အောက်တိုဘာလမှာ ပြောင်းသစ်ကလည်း ပေါ်ချိန်၊ ကုန်ပေါ ချိန်ဖြစ်လို့ တစ်ဘက်နိုင်ငံက ဈေးလျော့ ဝယ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ယခု စက်တင်ဘာလလယ်ကစပြီး ဈေးလျော့ ဝယ်နေပါတယ်။ ပြောင်းကို သူတို့နိုင်ငံ မှာ အသုံးများတာကြောင့် အခြားနိုင်ငံ မှာ အဝင်ပြောင်းကို အခွန်အများဆုံး ကောက်တယ်လို့သိရပါတယ်။ တစ်ဖက် နိုင်ငံရဲ့ ပြောင်း၊ ရော်ဘာ၊ ဆန်တို့ဟာ သွင်းကုန် အခွန်နှုန်းများတော့၊ မိမိ ဘက်က ပစ္စည်းပေါ်အခွန်တန်ဖိုးကျစေ ပြီး၊ ဝယ်ယူတယ်လု့ိ သိရပါတယ်။ခွန်မင်းသန့် - မူဆယ်