Main menu

Background

ပုံမှန်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ မုံရွာကုလားပဲ

Mon, 09/30/2013 - 13:15 -- ydnar

မုံရွာကုန်စည်ဒိုင်မှာ ပုံမှန်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ပဲများက တော့ ကုလားပဲရိုးရိုး၊ ထိုင်ဝမ်ကုလားပဲနဲ့ ကုလားပဲဖြူလုံးကြီးတို့ဖြစ်ပါတယ်။ မုံရွာ မြို့တစ်ဝိုက်ဈေးကွက်များမှာယခုဝါတွင်း ကာလဖြစ်လို့ ခွဲခြမ်းဈေးကောင်းတဲ့ အတွက် ကုလားပဲအလုံးလိုက် ရောင်း ခြင်းထက် ခွဲခြမ်းလုပ်ပြီး၊ ရောင်းခြင်းက ပိုပြီး အရောင်းအဝယ်သွက်နေပါတယ်။

တောင်သူများက မိမိရဲ့ကုလားပဲများကို မြို့ပေါ်ရှိ ပွဲရုံများကိုပို့ထားပြီ၊ ကြိုက် ဈေးရမှ ဈေးဖြတ် ရောင်းကြပါတယ်။ ရန်ကုန်ဝယ်လက်အဆွဲမရှိဘဲ မန္တလေး ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်၊ အမှုန့် ကြိတ်စက်များမှ ဝယ်ယူမှုရှိလို့ မုံရွာ ကုန်စည်ဒိုင်မှာ ကုလားပဲရိုးရိုး၊ ထိုင်ဝမ် ကုလားပဲနဲ့ ကုလားပဲဖြူလုံးကြီးတို့ တစ်ရက် ပျမ်းမျှ အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ မုံရွာကုန် စည်ဒိုင်ရဲ့စက်တင်ဘာလ ၁၈ ရက် တစ် ပိဿာ ပေါက်ဈေးများမှာ ကုလားပဲ ရိုးရိုး ၈၆၃ ကျပ်၊ ထိုင်ဝမ်ကုလားပဲ ၈၆၈ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၆၈ ကျပ်၊ ကုလားပဲခွဲခြမ်းလက်ကား ၁၄၀၀ ကျပ်၊ လက်လီ ၁၅၀၀ ကျပ်၊ ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။သန်းသန်းတင် - မုံရွာ