Main menu

Background

မိုးနဲ့အပြိုင်အေးတဲ့ မြင်းခြံကြက်သွန်နီ

Mon, 09/30/2013 - 13:18 -- ydnar

မန္တလေးတိုင်းဒေသကြီးမှာ နှစ်စဉ် ကြက်သွန်နီ ဧက ၅၀၀၀၀ -၆၀၀၀၀ ကျော်စိုက်ပျိုးလေ့ရှိ ပါတယ်။ ကြက်သွန်နီ ထွက်ရှိချိန်က အထွက်ကောင်းခဲ့တာကြောင့် ယခုနှစ်မှာ ဈေး ကောင်းရနိုင်ဖွယ်ရှိရာ မရှိဟု ယူဆပြီး၊ လှောင်သူနည်းပါးခဲ့ တယ်လို့ မြင်းခြံကုန်သည်တစ်ဦးက ဆိုပါတယ်။
 

တောင်သူနဲ့ ကုန်သည်ယှဉ်ရင် တောင်သူလက်ဝယ်မှာပဲ ကြက်သွန်နီကျန် ရှိမှု များပြားနေပါတယ်။ ကြက်သွန်နီ တစ်ပိဿာပေါက်ဈေး မြင်းခြံမှာ၆၅၀ကျပ် - ၇၀၀ကျပ်ဈေး၊ မန္တလေးမှာ ၇၅၀ ကျပ် - ၉၀၀ ကျပ်ဈေး၊ ပျဉ်းမနားမှာ တစ်ပိဿာ ၈၀၀ ကျပ် - ၉၀၀ ကျပ်ဈေးဖြစ်ပါတယ်။ ယခင်နှစ်ဈေးနှုန်းနဲ့ များစွာ ကွာခြားမှု မရှိကြောင်း သိရပါတယ်။ လက်ရှိအခြေအနေမှာ မိုးရွာသွန်းမှုများလို့ နယ်အဝင်နည်းပါးပြီး၊ မန္တလေးဈေးကွက် မှာ ဈေးအနည်းငယ်မြင့်လာပါတယ်။ ပြည်ပကို အဆွဲနည်း သွားတာကြောင့် အရောင်းအဝယ်ဖြစ်မှု နှေးကွေးနေပါတယ်။ ကြက်သွန်နီဈေးနှုန်း အတက်အကျကို ခန့်မှန်းရခက်တာ ကြောင့် အလီရွတ်သလို ၂ တစ်လီ ၂ မဖြစ်ဘဲ၊ ၂ တစ်လီ ၃ ဖြစ်တာမျိုးပဲ ရှိတတ်ကြောင်း၊ တရားသေတွက်လို့ မရ ကြောင်း၊ ပခုက္ကူမှ ကြက်သွန်နီကုန်သည်ကြီး တစ်ဦးကဆိုပါ တယ်။ ဈေးတက်နိုင်ခြေ ရှိနိုင်တယ်လို့ လက်ဝယ်ကျန်သူများ က တွက်ဆ မျှော်လင့်လျက် ရှိပါတယ်။မျိုးသူ - မန္တလေး