တစ်ရက်အတွင်း မြန်မာ့ရွှေဈေး သည် ကျပ်တစ်သောင်းကျော်ထိုးတက် သွားကြောင်း ရွှေဈေးကွက်အတွင်းမှ စုံ စမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေး ရုတ်တရက်မြင့် တက်လာမှုကြောင့် မြန်မာ့ရွှေဈေး သည်လည်း မြင့်တက်လာရခြင်းဖြစ် ကြောင်း ရွှေကုန်သည်အသိုင်းအဝိုင်း က မှတ်ချက်ပြုသည်။ အမေရိကန် ဗဟိုဘဏ်၏ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ရွှေဈေးများ ရုတ်တရက်မြင့် တက်လာရခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၁၆ရက်နေ့က မြန်မာ့ရွှေဈေးသည် ကျပ် ၆၉၆၅၀၀ ရှိခဲ့ပြီး စက်တင်ဘာလ ၁၇ရက်နေ့တွင် ကျပ် ၆၉၅၇၀၀သို့ အနည်းငယ်ကျဆင်း သွားခဲ့ပြီးနောက် စက်တင်ဘာလ ၁၈ ရက်မနက်ပိုင်းဈေးဖွင့်ရာတွင် ကျပ် ၆၈၈၀၀၀ဖြင့် ကျဈေးဖြင့် ဈေးဖွင့်ခဲ့ သည့်အတွက် ရွှေဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့သည်။ သို့ သော် ထိုနေ့ နေ့ချင်းမှာပင် မြန်မာ့ရွှေ ဈေးသည် ကျပ် ၆၉၂၅၀၀ သို့ ပြန် လည်မြင့်တက်လာခဲ့သည်။ ရွှေဈေးကွက်အတွင်း အမေရိ ကန်ဗဟိုဘဏ်၏ဆုံးဖြတ်ချက်ကို စောင့် ၍ ဈေးဖွင့်နေကြသည့် အတွက် ရွှေ ဈေးအတက်အကျမှာ မြန်ဆန်လွန်း နေခြင်းဖြစ်ကြောင်း သိရသည်။''ဒီတစ်ပတ်ကတော့ ရွှေဈေး တက်လာမယ်လို့ ဘယ်သူမှ ထင်မထား ကြဘူး။ တက်မလား ကျမလား ဆို တာကို အမေရိကန်ဗဟို ဘဏ်ရဲ့ဆုံး ဖြတ်ချက်ကို စောင့်နေကြတယ်။ အမေ ရိကန်ဗဟိုဘဏ်က ဒီစာချုပ်ဝယ်တဲ့ ပမာဏကို ဒီအတိုင်းပဲထားလိုက်တော့ မယ်လို့ ဆိုတဲ့အတွက် ကမ္ဘာ့ရွှေဈေးက ရုတ်တရက် မြင့်တက်သွားခဲ့တယ်။ ကမ္ဘာ့ရွှေဈေးတက်တော့ မြန်မာ့ ရွှေ ဈေးကလည်း လိုက်ပြီးတက်လာတာပဲ။ ၂၄နာရီအတွင်းမှာ ရွှေဈေးက ကျပ် ၁၄၅၀၀ လောက်တက်သွားခဲ့တယ်"ဟု ရွှေကုန်သည် ဦးစိုးတင်က ပြောကြား ခဲ့သည်။မြန်မာ့ရွှေဈေးသည် စက်တင် ဘာ ၁၈ရက်နေ့က ကျပ် ၆၉၂၅၀၀ဖြင့် ဈေးပိတ်ခဲ့သော်လည်း စက်တင်ဘာလ ၁၉ရက်နေ့တွင်မူ ကျပ် ၇၀၇၀၀၀ သို့ ပြန်လည်မြင့်တက်ခဲ့ရာ တစ်ရက် အတွင်း ကျပ် ၁၄၅၀၀ မြင့်တက်ခဲ့ ကြောင်း သိရသည်။ သို့သော် စက်တင် ဘာလ ၂၀ရက်နေ့တွင်မူ ဈေးတက်ခြင်း မရှိတော့ဘဲ ယမန်နေ့က ဈေးအတိုင်း သာ ဆက်လက်တည်ရှိနေခဲ့သည်။ထို့အတူ ကမ္ဘာ့ရွှေဈေးသည် လည်း စက်တင်ဘာလ ၁၆ရက်နေ့က ၁၃၁၈ဒေါ်လာရှိခဲ့ရာမှ စက်တင်ဘာလ ၁၉ရက်နေ့တွင် ၁၃၆၂ဒေါ်လာအထိ မြင့်တက်ခဲ့သဖြင့် တစ်ပတ်အတွင်း ၄၆ ဒေါ်လာမြင့်တက်ခဲ့ကြောင်း သိရသည်။