Main menu

Background

အမေရိကန်ဗဟိုဘဏ် ဆုံးဖြတ်ချက်ကြောင့် ရင်းဂစ်တန်ဖိုးမြင့်တက်သဖြင့် စားအုန်းဆီဈေးကျ

Mon, 09/30/2013 - 14:34 -- ydnar

မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာဘဲ အမေရိကန်ဗဟိုဘဏ်က စီးပွားရေး တွန်းအားပေး အစီအစဉ် လျှော့ချခြင်းမပြုဘဲထားခဲ့တဲ့အတွက် မလေးရှားငွေကြေး တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ရင်းဂစ်နဲ့တန်ဖိုး သတ်မှတ်တဲ့ စားအုန်းဆီ ကြိုရောင်းဈေးတွေကို လူကြိုက်နည်းခဲ့ပါတယ်။ စားအုန်းဆီဈေးက တစ်လအတွင်း အနိမ့်ဆုံးဖြစ်တဲ့ဈေးအထိ ကျဆင်းခဲ့ပါတယ်။

ဒီဇင်ဘာအတွက် စားအုန်းဆီကြိုရောင်းဈေးက ဘာစာမလေးရှားကုန်စည်ဒိုင် မှာ ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး မက်ထရစ် တစ်တန်ကို ၂၂၉၆ ရင်းဂစ် (၇၂၇ ဒေါ်လာ) နှုန်းနဲ့ ကွာလာလမ်ပူမှာ မနက် ၁၁ နာရီ ၄၄ မိနစ်က တစ်တန်ကို ၂၃၀၅ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ဘလွမ်းဘတ်က ပြုစုထားတဲ့စာရင်းအရ အောက်တို ဘာလ အတွက် စားအုန်းဆီဈေးက စက်တင်ဘာ ၁၈ ရက်မှာ တစ်တန်ကို ရင်းဂစ် ၂၃၅၀ ရှိခဲ့ပါတယ်။ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ ပြုစုထားတဲ့စာရင်းအရ သြဂုတ်မှာ စားအုန်း ဆီ ထုတ်လုပ်မှုက တန် ၁ ဒသမ ၇၄ သန်းရှိခဲ့ပါတယ်။ ဒီဇင်ဘာလ နောက်ပိုင်း အမြင့်ဆုံး အဆင့်ဖြစ်ပါတယ်။ ထုံးစံအားဖြင့် စားအုန်းဆီ ထုတ်လုပ်မှုက ဇူလိုင်နဲ့ အောက်တိုဘာလအတွင်း နှစ်စဉ်အမြင့်ဆုံးကို ရောက်လေ့ရှိပါတယ်။ စားအုန်းဆီအများဆုံး ထုတ်လုပ်တဲ့ အင်ဒိုနီးရှားမှတင်ပို့မှု ဇူလိုင်မှာ  တန် ၁ ဒသမ ၅၉ သန်းရှိရာမှ သြဂုတ်မှ တန် ၁ ဒသမ ၄၈ သန်းထိ ကျဆင်းခဲ့ကြောင်း၊ အင်ဒိုနီးရှားစားအုန်းဆီအသင်းက စက်တင်ဘာ ၁၉ ရက်မှာပြောပါတယ်။ ချီကာဂိုကုန်သွယ်မှုဘုတ်အဖွဲ့မှာ နိုဝင်ဘာပဲပုပ်ဈေးက တစ်ဘူရှယ်ကို ၁၃ ဒသမ ၅၄ ဒေါ်လာရှိခဲ့ပြီး သုညဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ တရုတ် ဘဏ္ဍာရေးဈေးကွက်တွေမှာ အများပြည်သူ ပိတ်ရက်ဖြစ်ပါတယ်။UNT