Main menu

Background

ပခုက္ကူမှာ ပဲမျိုးစုံအရောင်းအဝယ်အေး

Mon, 09/30/2013 - 14:55 -- ydnar

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ရေကြီးလို့ သီးပင်စားပင်ဖြစ်တဲ့ ခရမ်းတို့၊ ကြက်သွန်တို့ ရေမြုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရေပြန်ကျ ခဲ့ပါတယ်။ ဒါပေမယ့် သီးပင်စားပင်ကတော့ မြေဆီကြောင့် ပိုမို အောင်မြင်နိုင်တယ်လို့ မြို့ခံကုန်သည်တချို့က ဆိုပါတယ်။ ပဲစင်း ငုံနီ(အဟောင်း)အနေနဲ့ လက်ကျန်နည်းနေသလို ရန်ကုန်အော်ဒါ လည်းနည်းတော့ အရောင်းအဝယ်အေးတယ်လို့ ပြောရမှာပါ။

အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၄၅ ကျပ်(တစ်တန်ကို ၅၁၇၄၆၉) ကျပ်ဈေးနဲ့ တစ်ရက်မှာအိတ် ၅၀ မှ ၁၀၀ ကြားသာဖြစ်ခဲ့ကြောင်း  သိရပါတယ်။ ဒေသထွက်ပဲတီစိမ်းအနေနဲ့ ဈေးကွက်အဝင်မရှိသ လောက် ဖြစ်သွားပြီ၊ သိုလှောင်ရုံမှာရှိတဲ့ပစ္စည်းတွေသာ မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာ ၁၄၀၀ ကျပ် (တစ်တန်ကို ၈၅၇၃၄၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၁၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေ နဲ့မိုးကောင်းစွာမရလို့ အထွက်နှုန်းကျဆင်းခဲ့ပေမယ့် ဈေးကောင်းရခဲ့ လို့ တောင်သူရော ကုန်သည်ပါ အထိုက်အလျှောက်အဆင်ပြေနေ တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။