Main menu

Background

မုံရွာမြို့တွင် အလုပ်သမားအဖွဲ့အစည်း ဥပဒေအကြောင်းအရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပ

Fri, 06/27/2014 - 09:02 -- ydnar

မုံရွာမြို့၊ မြို့တော်ခန်းမမှာ ဇွန်လ ၁၉ရက်နေ့ကအလုပ်သမားအဖွဲ့အစည်း ဥပဒေအကြောင်းသိကောင်းစရာ ဆွေး နွေးပွဲကို ကျင်းပပြုလုပ် ရာ ဌာနဆိုင်ရာ များ၊အလုပ်ရှင်များ၊ အလုပ်သမားကိုယ် စားလှယ်များစုစုပေါင်း ၆၀ ဦးခန့် တက် ရောက်ခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)နဲ့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့ ကြီးမှူးကျင်းပကာ(ILO) ရဲ့ ရည်ရွယ်ချက် နဲ့ လုပ်ငန်းဆောင်ရွက်မှုများ အလုပ် သမားဥပဒေဆိုင်ရာများကို ရှင်းလင်း ပြောကြားပါတယ်။

 
(ILO) မှာ အဖွဲ့ဝင် ၁၈၅ နိုင်ငံပါဝင် ပြီးအာဆီယံနိုင်ငံအားလုံးအဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း၊ILOရဲ့ပြဌာန်းချက်ပေါင်း ၂၀၀ ရှိသော်လည်းမိမိနိုင်ငံနဲ့ကိုက်ညီတာ ကိုသာ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ရာ၊ မြန်မာနိုင်ငံက လက်မှတ် ထိုးထားသောပြဋ္ဌာန်းချက်ပေါင်း ၂၀ ခုရှိကြောင်း၊ အဓိကဧရိယာ ၄ ခုဖြစ် သော အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ ကလေးသူငယ် များကိုအန္တရာယ်ရှိတဲ့အလုပ် ခိုင်းစေခြင်း၊ ဥပဒေနဲ့အညီလွတ်လပ်စွာ အသင်းဖွဲ့စည်းခြင်းနဲ့ခွဲခြားဆက်ဆံမှု မရှိတန်းတူ အခွင့် အရေးပေးခြင်းတို့ကိုပါ ဝင်အောင်စည်းရုံးဆောင်ရွက်ပါကြောင်း၊ အလုပ်သမားအဖွဲ့များ ဖွဲ့စည်းခြင်းအား ဖြင့် စုစည်းကျစ်လျစ်မှု ရှိ သွားလို့ အလုပ် ရှင်ဘက်က ကောင်းမွန်စွာစီမံခန့်ခွဲနိုင် ပါကြောင်း၊ အလုပ်ရှင် ကိုယ်စားလှယ်နဲ့ အလုပ်သမားကိုယ်စားလှယ် ပုံမှန်တွေ့ဆုံပြီး လေးစားမှု၊နားလည်မှုများဖြင့် လိုအပ်ချက်များကို ညှိနှိုင်းခြင်းဖြင့် ပြဿနာကြီးထွား မလာဘဲ ပြေ လည် အောင်ဖြေ ရှင်းနိုင် မှာဖြစ်ရာ လုပ်ငန်းခွင် အေးချမ်းသာယာမှထုတ်လုပ်မှုပိုမိုတိုး တက်ပြီးနိုင်ငံစီးပွားကို အထောက်အကူ ပြုမှာြ ဖစ်ေ ကြာင်း၊ အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့အသံများကို နားထောင်ခြင်းဖြင့်စီမံချက်ချမှတ်သူတို့အတွက်မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခြင်း အကျိုးကျေးဇူးများရရှိစေရန်ရည်ရွယ်ပါ ကြောင်းILO မှ နည်းပညာပေးအရာ ရှိက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ ပါတယ်။