Main menu

Background

ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသတွင် ဓာတ်မြေသြဇာအတုများ ကြီးစိုး

Thu, 07/10/2014 - 07:00 -- ydnar

 
မဲခေါင်မြစ်ဝှမ်းဒေသဈေးကွက် မှာ ဝင်ရောက် လွှမ်းမိုးနေသော ဓာတ် မြေသြဇာအတုများအား ဖော်ထုတ်ရန် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Ho-ang Trung Hai က မြို့နယ်အဆင့် အာဏာပိုင်များအား ခေါ်ယူတွေ့ဆုံပြီး မိမိမြို့နယ်အတွင်း ဓာတ်မြေသြဇာအတု များတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်မှာ တာဝန်လုံးဝရှိကြောင်း ဓာတ် မြေသြဇာစီမံခန့်ခွဲမှုနဲ့စိုက်ပျိုးရေး မဟာ ဗျူဟာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

ယခင်နှစ်က အရည်အသွေးညံ့ သောဓာတ်မြေသြဇာအတု တန် ၈၀၀ ကျော်ကို ဈေးကွက်စီမံခန့်ခွဲရေးအဖွဲ့ ကရှာဖွေေ တွ့ရှိခဲ့ရကြောင်း၊ အဓိက အားဖြင့် မဲခေါင်မြစ်ဝှမ်းရှိ An Giang, Long An, Vinh Long, Soc Trangနဲ့ Ben Tre  တို့မှာ တွေ့ရှိခဲ့ရတာဖြစ် တယ်လို့ ဈေးကွက်စီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူးDo Thanh Lam  ကပြောကြားခဲ့ ပါတယ်။ ဈေးကွက် စီမံခန့်ခွဲရေးဌာနဟာ စက်မှုနဲ့ကုန်သွယ် ရေးဝန်ကြီးဌာနလက်အောက်ရှိဌာန တစ်ခုဖြစ်ပါတယ်။ ဗီယက်န မ်နိုင် ငံငွေ ကြေးအခြေအနေ၊ ဝန်ထမ်းအင်အားနဲ့ ပစ္စည်းကိရိယာ မလုံလောက်မှုတွေ က ဈေးကွက်အတွင်း ဓာတ်မြေသြဇာ အတု များ ဝင်ရောက်မှုကို စိစစ်ရန်လိုအပ်တဲ့ အချက်တွေပါ လို့Do Thanh Lam ကပြောပါတယ်။ ဗီယက်နမ်  ဓာတ်မြေသြဇာ အသင်း ဒုတိယဥက္ကဋ္ဌဖြစ်သူl Nguyen Hac Thuy က လိုင်စင်လုပ်ငန်းစဉ် အဆင့်ဆင့်မှာ လုပ်ထုံးလုပ်နည်းပိုင်း လျော့ရဲနေတဲ့အတွက် ဓာတ်မြေသြဇာ အတုများ ဗီယက်နမ်မှာထုနဲ့ထည်နဲ့တွေ့ ရှိနေရတာပါ လို့ ထောက်ပြပါတယ်။ ဓာတ်မြေသြဇာထုတ်လုပ်တဲ့လုပ်ငန်းများမှာ ပစ္စည်းကိရိယာ၊ နည်းပညာ၊ အရည် အသွေး စစ်ဆေးရန် ဓာတ်ခွဲ ခန်းပိုင်း ဆိုင်ရာ လိုအပ်ချက်များအားလုံးဟာ လိုင်စင်ရှိရမယ်ဆိုသော်ငြားလည်း လိုက် နာမှုမရှိကြဘူးလို့ဆိုပါတယ်။ ဓာတ်မြေသြဇာအတုနဲ့ အဆင့် မမီတဲ့ဓာတ်မြေသြဇာများဟာ တောင် သူများကို ဆိုးဆိုးရွားရွားထိခိုက်စေ လျက်ရှိပါတယ်။ နှစ်စဉ် စိုက်ပျိုးရေး ထွက်ကုန် တန်ဖိုးဒေါ်လာ ၂ ဘီလီယံ ဖိုးခန့်ထိ နှစ်စဉ်ဆုံးရှုံးနေရတယ်လို့ သတိပေးေြ ပာကြားပါတယ်။ ဓာတ်မြေသြဇာ ထုတ်လုပ်တဲ့ လုပ်ငန်းများရဲ့ ၉၀ ရာခိုင်နှုန်းဟာ လုပ်ငန်းငယ်လေးများသာဖြစ်ပြီးအလွန် ရိုးရှင်းတဲ့ နည်းပညာနဲ့ ပစ္စည်းကိရိယာ များကို သုံးစွဲထုတ်လုပ်တာဖြစ်ပါတယ်။ အရည်အသွေးထိန်းကျောင်းမှု လျော့ရဲ တဲ့အတွက်ဈေး ကွက်အတွင်းမှာ အရည် အသွေးမမီတဲ့ ဓာတ်မြေသြဇာများ ရောက်ရှိနေတာဖြစ်ပါတယ်။ အချို့ နာမည်ကြီး ကုမ္ပဏီများ ကလည်း ဈေး ပေါတဲ့ပစ္စည်းတွေသုံးပြီးအရည်အသွေး နိမ့်ဓာတ်မြေသြဇာများကို ထုတ်လုပ်ပြီး ဈေး အနိမ့်နဲ့ရောင်းချမှု များလည်းရှိနေ တယ်လို့ Bac Giang Agricultural Material & Technology Company  မှ ဒါရိုက်တာ တစ်ဦး ကလည်း ထောက် ပြ ပြောဆိုလျက် ရှိပါတယ်။