Main menu

Background

အတက်အကျမရှိ တည်ငြိမ်နေဆဲ ငွေလဲဈေးကွက်

Thu, 07/10/2014 - 07:10 -- ydnar

 
ယခုတစ်ပတ်အတွင်း မြန်မာ့ငွေ ဈေးကွက်သည် တည်ငြိမ်လျက်ရှိပြီး တစ်ကျပ်နှစ်ကျပ်အတက်အကျဖြင့်သာ လှုပ်ရှားလျက် ရှိကြောင်း သိရသည်။ ငွေ ဈေးကွက်အတွင်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းသာရှိနေပြီး ယခင်တစ်ပတ်ကလောက် လှုပ်လှုပ် ရှားရှား မရှိ တော့ကြောင်း ဈေးကွက်အတွင်းမှ စုံ စမ်းသိရှိရသည်။

''ဒီတစ်ပတ်ထဲမှာ သွင်းကုန် သမားတွေလည်း ကုန်သွင်းတာ တန့် သွားတယ်။ စစ်ဆေးရေးတွေရှိတယ်ဆို တော့ အရင်တုန်း ကလို ကုန်ပစ္စည်း တွေသွင်းဖို့ စောင့်ကြည့်နေကြတဲ့ အခြေအနေပဲ။ ပြီးခဲ့တဲ့အပတ်တုန်း ကတော့ သွင်းကုန်သမားတွေ အဝယ် လိုက်လာတဲ့အတွက်ဈေးကတက်သွား ရတာ။ ခုဒီရက်ထဲမှာက အခြေအနေ အပြောင်းအလဲတွေဖြစ်လာနိုင် တဲ့ အ တွက် စောင့်ကြည့်နေကြတယ်လို့ ကုန်သည် တချို့ပြောနေတာကြားရတယ်။ အဲဒါ ကြောင့်လည်း ငွေဈေးက ဒီရက်ထဲ မှာ ပြန် ပြီး ငြိမ်နေတာပါ''ဟု ငွေဈေးကွက် အတွင်း အရောင်းအဝယ်လုပ်နေသူ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။သိမ်ဖြူငွေလဲစင်တာတွင် ဇွန်လ ၃၀ရက်နေ့က ရောင်းဈေး ၉၇၇ကျပ်၊ ဝယ်ဈေး ၉၇၁ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိပြီး ဇူလိုင်လ ၄ရက်နေ့တွင် လည်း ထိုဈေးနှုန်းအတိုင်းပင် ရောင်း ဝယ်လျက်ရှိသည်ကို တွေ့ရသည်။ပြင်ပငွေလဲစင်တာများတွင် ဇွန် လ ၃၀ရက်နေ့က ရောင်းဈေး ၉၇၄ ကျပ်၊ ဝယ်ဈေး ၉၇၃ကျပ်ဖြင့် ရောင်း ဝယ်လျက်ရှိပြီး ဇူလိုင်လ ၃ရက်နေ့တွင် ရောင်းဈေး ၉၇၆ကျပ်၊ ဝယ်ဈေး ၉၇၅ ကျပ် ဖြစ်ခဲ့သည်။ ဇူလိုင်လ ၄ရက်နေ့ တွင်မူ ရောင်းဈေး ၉၇၆ကျပ်၊ ဝယ်ဈေး ၉၇၂ကျပ်ရှိခဲ့သည်။